How to sell your items (အွန်လိုင်းပေါ်တွင် ပစ္စည်းတိုက်ရိုက်ရောင်းနည်း)

NOTE: Burmese (unicode) is followed by English
(Download Android App link ကိုနှိပ်ကာ Play Store မှ Android App (Daung Myanmar) ကို download လုပ်၍လည်း အသုံးပြုနိုင်ပါသည်။)
ဤအောက်ပါအချက်အလက်များသည် အွန်လိုင်း၌ တိုက်ရိုက်ရောင်းချ၍ မိမိပစ္စည်းကို ဝယ်သူထံသို့ ပို့ပေးနိုင်သောရောင်းသူများအတွက်သာ အကျုံးဝင်သည်။

ရောင်းသူများအတွက် အကျိုးကျေးဇူးများ

မြန်မာနိုင်ငံတွင် အွန်လိုင်းပေါ်တွင် စျေးရောင်းဝယ်ရာ၌ လိမ်လည်မှုများ နေ့စဉ်နှင့်အမျှ အကြိမ်ဖန်များစွာ ဖြစ်ပေါ်လျက်ရှိပါသည်။

ဤအွန်လိုင်းပလက်ဖောင်း၌ တိုက်ရိုက်ရောင်းချပါက ဝယ်သူက ဤအွန်လိုင်းပလက်ဖောင်းမှ ပစ္စည်းဝယ်သောအခါ escrow ကြားခံဘုံအကောင့်ထဲ တိုက်ရိုက်ငွေရောက်ရှိသောကြောင့် ဝယ်သူက ငွေကြိုမပေးဘဲ လိမ်လည်မှာယူမှုကြောင့် ပို့ခနှင့် မိမိ၏ပုပ်သိုးပျက်စီးလွယ်သောပစ္စည်းများ ဆုံးရှုံးမည်ကို စိတ်မပူရတော့ပါ။ ITEMS (FOR SALE) >> Virtual Products/Service Contracts တွင် မိမိ၏ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချပါက မိမိ၏ service contract တွင် ဖော်ပြထားချက်များအတိုင်း ဝန်ဆောင်မှုဝယ်သူ၏ မလျော်ကန်စွာခိုင်းစေမှုကြောင့်လည်းကောင်း၊ လိမ်လည်မှုကြောင့်လည်းကောင်း သင့်တင့်လျော်ကန်သော မိမိ၏ဝန်ဆောင်မှု မဆုံးရှုံးစေရန်အတွက်လည်း (Daung) ဒေါင်းမှ အာမခံချက်ပေးထားသည်။

မြန်မာနိုင်ငံအနှံ့မှ ဝယ်သူများ စိတ်ချစွာဝယ်ယူနိုင်ခြင်းကြောင့် ဝယ်သူအရေအတွက်များစွာတိုးပွားလာစေသည်။ မြန်မာနိုင်ငံဒေသအနှံ့သာမက ပြည်ပနိုင်ငံများရှိ ဝယ်သူများနှင့်လည်း ချိတ်ဆက်ပေးသော ပလက်ဖောင်းဖြစ်ပါသည်။ ပစ္စည်းရောင်းရလျှင် ကော်မရှင်ခ “လုံးဝ” မပေးရပါ။

(Daung) ဒေါင်းမှ သတ်မှတ်ထားသော delivery agents များဖြင့် ပို့ပါကလည်း ပစ္စည်းပို့ပြီး၊ မိမိ၏အမှားကြောင့်မဟုတ်ဘဲ ဝယ်သူမရှိသောကြောင့်လည်းကောင်း၊ ဝယ်သူ၏လိပ်စာမှားယွင်းနေသောကြောင့်လည်းကောင်း မိမိ၏ပို့ခ မဆုံးရှုံးပါ။ မိမိက ပို့ခကို My Delivery Rates စာမျက်နှာတွင် ကြိုတင်သတ်မှတ်ထားပါက ဝယ်သူပေးချေထားသော ထိုပို့ခအတိုင်း ပြန်အမ်းငွေရရှိပါမည်။ ရောင်းသူဆီသို့ ပြန်သယ်လာပါက အခြောက်ခံ၊ တာရှည်ခံ စားသောက်ကုန်များမဟုတ်သော (သို့) ပျက်စီးသွားနိုင်သော စားသောက်ကုန်ပစ္စည်းများအတွက် ဝယ်သူက ကျခံရပါမည်။

အော်ဒါများကို email ဖြင့် ချက်ချင်းအကြောင်းကြားပေးကာ၊ ဝယ်သူက တင်ခဲ့သောအော်ဒါများကို Sales Report တွင် ကြည့်ရှုနိုင်သောကြောင့် မိမိသည် 24/7 မနက်၊ညမိုးချုပ်အထိ နည်းမျိုးစုံဖြင့် အော်ဒါကောက်ယူရန် မလိုတော့ပေ။

ထို့ပြင် မိမိသတ်မှတ်ထားသော ပစ္စည်းအရေအတွက်အထိသာ ဝယ်သူက ဝယ်ယူနိုင်ပြီး၊ မိမိသည် ပစ္စည်းအရေအတွက်ကို Listings စာမျက်နှာတွင် အချိန်မရွေး ပြုပြင်ပြောင်းလဲနိုင်သောကြောင့် ဝယ်သူတိုင်းကို မိမိ၏လက်ရှိကုန်ပစ္စည်းအရေအတွက်များကို ပြောပြရန်မလိုဘဲ အချိန်ကုန်၊လူကုန်၊ငွေကုန်သက်သာပြီး အလွန်လွယ်ကူအကျိုးရှိစွာဖြင့် ရောင်းချနိုင်ပါသည်။


ဤအွန်လိုင်းပလက်ဖောင်း၌ ပစ္စည်းတိုက်ရိုက်ရောင်းနည်း

(၁) ပစ္စည်းများကို ဝယ်သူများအား အွန်လိုင်း၌ escrow ကြားခံဘုံအကောင့်ထဲသို့ တိုက်ရိုက်ငွေပေးချေ၊ ဝယ်ယူစေလိုပါက ပထမဦးစွာ My Delivery Rates စာမျက်နှာတွင် ပို့ရန်နေရာဒေသအလိုက်နှင့် ပစ္စည်းအလေးချိန် (kg)အလိုက် မိမိ၏ပို့ခနှုန်းထားများကို သတ်မှတ်ပေးရမည်။ ဝယ်သူက မိမိထံမှ တစ်ခု (သို့) တစ်ခုထက်ပိုသော ပစ္စည်းများကိုဝယ်ယူချိန်တွင် ထိုပစ္စည်းများ၏ စုစုပေါင်းအလေးချိန်နှင့် ပို့ရန်နေရာဒေသအပေါ်မူတည်၍ မိမိသတ်မှတ်နှုန်းများအတိုင်း ပို့ခနှုန်းထားများကို ဝယ်သူထံမှ ကောက်ခံသွားပါမည်။

[သတိပြုရန်- ဝယ်သူ၏ ပို့ရန်ရွေးချယ်သောနေရာဒေသအတွက် ရောင်းသူက ပို့ခနှုန်းကို ကြိုတင်သတ်မှတ်ထားခြင်းမရှိပါက (သို့) ဝယ်သူက ဝယ်ယူသော မိမိပစ္စည်း၏ စုစုပေါင်းအလေးချိန်သည် မိမိသတ်မှတ်ထားသော အများဆုံးအလေးချိန်ထက် ကျော်လွန်ပါက ဝယ်သူသည် ပစ္စည်းကို အွန်လိုင်း၌ ဝယ်၍မရပါ။]

(၂) My Delivery Rates စာမျက်နှာတွင် မိမိ ပစ္စည်းပို့နိုင်သောနေရာ (a) Country (b) Region (c) Town/Township ကိုရွေး၍ plus button ကိုနှိပ်ပါ။

(၃) ရွေးထားသော နေရာအတွက် အလေးအချိန် (kg) အလိုက် စျေးနှုန်းများကို သတ်မှတ်ပေးပါ။ ဥပမာ၊ အလေးချိန် “၂” kg အထိ စျေးနှုန်းသည် “၁၀၀၀” ကျပ်ဖြစ်ပါက “Up to KG” နေရာတွင် “2” ဟုရိုက်ထည့်၍ “Ks” နေရာတွင် “1000” ဟု ရိုက်ထည့်ပါ။ ပိုများသောအလေးချိန်အတွက် စျေးနှုန်းအသစ်သတ်မှတ်လိုပါက လက်ရှိနှုန်းထားပေါ်ရှိ resized-plusbutton ကိုနှိပ်ပါ။

*** ပို့ခနှုန်းထားများသည် ပစ္စည်းများ၏အလေးချိန်အပေါ် မူမတည်ပါက “Up to KG” နေရာတွင် အလေးချိန်ကြီးကြီး (ဥပမာ- 5000 ဟု) ရိုက်ထည့်ပြီး ပို့ခနှုန်းကို ရိုက်ထည့်ပါ။

*** အခမဲ့ ပို့ခနှုန်းထား (free delivery) သတ်မှတ်လိုပါက “Up to KG” နေရာတွင် အလေးချိန်ကြီးကြီး (ဥပမာ- 5000 ဟု) ရိုက်ထည့်ပြီး ပို့ခနှုန်း “Ks” နေရာတွင် “0” ကို ရိုက်ထည့်ပါ။

(၄) ပို့ရန်နေရာတစ်ခုအတွက် အလေးချိန် “Up to KG” နှင့် စျေးနှုန်း “Ks” များကို ရိုက်ထည့်ပြီးပါက “Submit” ကိုနှိပ်၍ အတည်ပြုပါ။ နောက်ထပ်နေရာတစ်ခုအတွက် ပို့ခနှုန်းကို သတ်မှတ်လိုပါက အဆင့်(၂) မှပြန်လည်စတင်ပါ။

(၅) ပို့ခနှုန်းများသတ်မှတ်ပြီးနောက် ပို့ခနှုန်းနှင့်အလေးချိန်ကို ပြောင်းလဲပယ်ဖျက်လိုပါက သက်ဆိုင်ရာနှုန်းထားပေါ်ရှိ edit button ကို နှိပ်ပါ။

ပယ်ဖျက်လိုပါက delete button ကို နှိပ်ပါ။ သို့မဟုတ် စျေးနှုန်းနှင့်အလေးချိန်ကို ပြင်ဆင်ရိုက်ထည့်၍ save button ကိုနှိပ်ပြီး ပြောင်းလဲသတ်မှတ်သိမ်းဆည်းပါ။

(၆) မိမိပစ္စည်းကို ကြော်ငြာတင်၍ ရောင်းချရန် (ဖုန်းများတွင်ညာထောင့်) ထိပ်ရှိ menu မှ Post an Ad ကိုနှိပ်ပါ။ ITEMS (FOR SALE) ကို ရွေး၍ သက်ဆိုင်ရာ ကြော်ငြာအမျိုးအစားကို ရွေးပါ။

(၇) ကြော်ငြာဖောင်တွင် (online purchase/delivery available) နေရာ၌ Yes ကို အမှန်ခြစ်ပါ။ ဤသို့ရွေးချယ်မှုကြောင့် မိမိရောင်းလိုသောပစ္စည်း၏ကြော်ငြာစာမျက်နှာတွင် ဝယ်သူက ဝယ်ယူနိုင်ရန် “Add to Cart” ခလုတ်ပေါ်လာမည်။

(၈) အကယ်၍ ကြော်ငြာတင်ပြီးနောက်ပိုင်း (online purchase/delivery available) နေရာ၌ Yes ကို အမှန်ခြစ်ရန် မေ့လျော့ခဲ့ခြင်းကြောင့်ဖြစ်စေ၊ အွန်လိုင်းတွင် ရောင်းရန် စိတ်ပြောင်းလဲခြင်းကြောင့်ဖြစ်စေ၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မိမိပစ္စည်းကြော်ငြာစာမျက်နှာတွင် “Add to Cart” မရှိသောကြောင့် “Add to Cart” ကို ပေါ်လာစေလိုပါက မိမိ၏ profile တွင်ရှိ Listings ကို ရွေးချယ်ပါ။ ထို့နောက် မိမိ၏သက်ဆိုင်ရာကြော်ငြာပစ္စည်းစာရင်းပေါ်၊ Actions ကော်လံအောက်ရှိ (Edit Ad) edit ad button ပုံကိုနှိပ်ပါ။ online purchase/delivery available နေရာတွင် Yes ကိုအမှန်မခြစ်ထားပါက အမှတ်ခြစ်ပါ။ အမှန်ခြစ်ထားသည်ကိုတွေ့ရပါက ပြန်ဖျက်၍ပြန်ခြစ်ပါ။ နောက်ဆုံးတွင် အောက်ဆုံးရှိ “Update Ad” ကို နှိပ်ပါ။

(၉) ကြော်ငြာတင်ပြီးနောက်ပိုင်း မိမိ၏ပစ္စည်းအရေအတွက်ကို ပြောင်းလိုပါကလည်း အထက်ပါနည်းအတိုင်း profile > Listings တွင် “Do you have a limited quantity” ရှိ “Yes” ကို အမှန်ခြစ်ထားကာ Stock Qty တွင် အရေအတွက်အသစ်ကို ထည့်ရိုက်ပြီး “Update Ad” ကိုနှိပ်ပါ။ သတိပြုရန်မှာ- Listings ရှိ Stock Qty တွင် ဖော်ပြထားသော အရေအတွက်သည် ဝယ်သူများက ထိုသက်ဆိုင်ရာပစ္စည်း(များ)ကို ဝယ်ယူပြီးနောက် အလိုအလျောက်တွက်ချက်ပြောင်းလဲမည် မဟုတ်ပါ။ သို့သော် မိမိနောက်ဆုံးရိုက်ထည့်ပြီး Update လုပ်ထားသောအရေအတွက်သည် ဝယ်သူများက ဝယ်ယူနိုင်သော စုစုပေါင်းအရေအတွက်ဖြစ်သည်။

(၁၀) ဤ အွန်လိုင်း platform တွင် ရောင်းလိုသော Email မပါသည့် Facebook အကောင့်များဖြင့် မှတ်ပုံတင်ထားသည့် အကောင့်ပိုင်ရှင်များသည် ဝယ်သူများ၏ အော်ဒါများ (orders) ကို လက်ခံရရှိရန် profile username> Edit Profile > General > Email တွင် မိမိ၏ Email ကို ထည့်သွင်းထားရမည်။

(၁၁) မိမိပစ္စည်းကို ဝယ်သူက ဝယ်ယူလိုက်သည်နှင့် ထို Email ၌ အော်ဒါ message များကို ချက်ချင်းရရှိပါမည်။ တစ်ခါတစ်ရံတွင် Email message များသည် မိမိ Email အကောင့်ရှိ Spam/Junk Mail ထဲသို့ ရောက်ရှိနိုင်သောကြောင့် ဒေါင်းမှ ရရှိသော Email message များကို Spam မဟုတ်ဟု မိမိ Email အကောင့်တွင် သတ်မှတ်ထားရမည်။ အော်ဒါများကို Sales Report တွင် သေချာအောင် စစ်ဆေးပါ။

သတိပြုရန် – noreply@daung.org Email မှ လာသော အော်ဒါများသည်သာ ဝယ်သူက escrow ကြားခံဘုံအကောင့်ထဲသို့ ငွေသွင်းပြီး ဖြစ်သောအော်ဒါများဖြစ်သည်။ Email ဖြင့်လိမ်လည်မှုကို ရှောင်ကြဉ်နိုင်ရန် ပို့သူ၏ Email လိပ်စာတွင် < > ပါရှိပါက ၄င်း < > အတွင်းရှိ Email လိပ်စာကိုသာကြည့်ပါ။ အခြား Email မှ လာသော အော်ဒါများသည် လိမ်လည်မှုများသာ ဖြစ်သည်။ မသေချာပါက မိမိအကောင့်ရှိ Sales Report တွင် အော်ဒါများကို ကြည့်ရှုနိုင်ပါသည်။ ဒေါင်းမှ ရောင်းသူအား ဖုန်းခေါ်ကာ ပစ္စည်းပို့ရန် အော်ဒါမှာခြင်းကို လုံးဝလုံးဝ မပြုလုပ်ပါ။ ထိုကဲ့သို့သော လိမ်လည်မှုများကို သတိမမူဘဲ ပစ္စည်းကိုပို့လိုက်၍ မိမိပစ္စည်းဆုံးရှုံးခြင်းအတွက် ဒေါင်းမှ တာဝန်မယူပါ။

(၁၂) အော်ဒါများကို လက်ခံရရှိပါက မိမိ၏သက်ဆိုင်ရာပစ္စည်းကြော်ငြာတွင် ဖော်ပြထားသည့်အတိုင်း ဝယ်သူထံသို့ မိမိပစ္စည်းကို ပို့ပေးရန် အမြန်ဆုံးပြင်ဆင်ပါ။

(၁၃) delivery agents/companies များဖြင့် ပစ္စည်းပို့ပါက ပစ္စည်းပို့ပြေစာကို အထောက်အထားအဖြစ် သိမ်းဆည်းထားပါ။ ဝယ်သူမှ ပစ္စည်းမပို့ဟု အငြင်းပွားစရာ ဖြစ်ပါက အထောက်အထားအဖြစ် တင်ပြရန်ဖြစ်ပါသည်။ သို့သော် အောက်ဖက်တွင်ဖော်ပြထားသော “ဝယ်သူနှင့်ရောင်းသူများအကြား အငြင်းပွားနိုင်ဖွယ်ကိစ္စများကို ဖြေရှင်းဆုံးဖြတ်ရန် သတ်မှတ်ထားသော စည်းမျဉ်းများ” ၏ စည်းမျဉ်းနံပါတ်(၂)အရ delivery agents/companies များ၏ အမှား (သို့) ထိန်းသိမ်းကိုင်တွယ်မှု ပြဿနာများကြောင့် ဖြစ်ပေါ်သော ပစ္စည်းပျောက်ဆုံးမှုနှင့် ပျက်ဆီးမှုများအတွက် ရောင်းသူမိမိ၌သာ တာဝန်ရှိပါသည်။ <မှတ်ချက်– အောက်တွင်ဖော်ပြထားသော delivery agents/companies များမှလွဲ၍ အခြား delivery agents/companies ဖြင့် ပစ္စည်းပို့ပါကဝယ်သူနှင့် အငြင်းပွားစရာဖြစ်လာပါက ၄င်း delivery agents/companies များမှ ပစ္စည်းပို့ပြေစာများကို အထောက်အထားအဖြစ် ဒေါင်းမှ လက်ခံပေးရန် အာမ,မခံပါ။>

Royal Express Myanmar

Marathon Express

Ninja Van Myanmar

Red ANT Express

Idol Delivery Service and Transportation

Zarla Delivery Service -ZDS

Myanmar Post [မြန်မာ့စာတိုက်မှ ပစ္စည်းပို့ပါက e-post ဝန်ဆောင်မှုနှင့် ဝယ်သူကိုပစ္စည်းပို့စဉ် ဖုန်းခေါ်ပေးသည့် အပိုဝန်ဆောင်မှုကို ဝယ်ယူရပါမည်။]

အဝေးပြေးကားများဖြင့် ကားဂိတ်ထိပို့ဆောင်ခြင်း (ဝယ်သူက ကားဂိတ်မှ ပစ္စည်းသွားထုတ်ရမည်ဆိုပါက ပစ္စည်းကြော်ငြာတွင် ကြိုတင်ဖော်ပြထားရန်)

(၁၄) ပစ္စည်းပို့စဉ်တွင် ပစ္စည်းကို ဝယ်သူထံသို့ ပေးအပ်လိုက်ပြီး၊ ဝယ်သူက ပစ္စည်းကိုစစ်ဆေးအတည်ပြုပြီးသောအခါ ဝယ်သူအား “My Orders” >> “View” >> “Pay” >> ပေးချေရန် ပစ္စည်း(များ)နှင့် ပို့ခကို ရွေးချယ်ခိုင်းပြီး “Pay” ခလုတ်ကို နှိပ်ခိုင်းပါ။ ဤသို့လုပ်ဆောင်ပြီးပါက မိမိ၏ wallet အကောင့်ထဲသို့ ဝယ်သူပေးချေထားသောငွေ ချက်ချင်းရောက်ရှိလာမည်ဖြစ်ပြီး၊ ရောက်ရှိလာသော ငွေပမာဏကို စစ်ဆေးပါ။

သတိပြုရန် – အထက်တွင်ဖော်ပြထားသော delivery agents/companies များမှလွဲ၍ အခြား delivery agents/companies (သို့) မိမိ၏ အစီအစဉ်ဖြင့် ပစ္စည်းပို့သောအခါ ပစ္စည်းပို့စဉ် ဝယ်သူထံ ပစ္စည်းအပ်လိုက်ပြီး၊ ဝယ်သူက ပစ္စည်းကိုစစ်ဆေးပြီးသောအခါ ဝယ်သူအား (၁၄)တွင် ဖော်ပြထားသည့် လုပ်ဆောင်မှုကို လုပ်ဆောင်စေ၍ မဖြစ်မနေ ငွေလွှဲခိုင်းရမည်ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် ဝယ်သူက အထက်ပါလုပ်ဆောင်မှုကို မလုပ်ဆောင်နိုင်ပါက စာရွက်တစ်ရွက်ပေါ်တွင် ပေးလိုက်သော ပစ္စည်း၊ အရေအတွက်နှင့် ပစ္စည်းပေးအပ်လိုက်ကြောင်း ဝယ်သူအား သူ၏ (i) username၊ (ii) နာမည်နှင့် (iii) လက်မှတ်ရေးထိုးခိုင်းပြီး၊ ဝယ်သူ၏ username နှင့် မှတ်ပုံတင်ကို စစ်ဆေး၍ မှတ်ပုံတင်ရှိလက်မှတ်နှင့် တူညီမှုရှိမရှိစစ်ဆေးကာ ထိုစာရွက်ကို သက်သေအထောက်အထားဖြင့် သိမ်းယူထားပါ။ ဝယ်သူဝယ်ထားသော ပစ္စည်း၊ အရေအတွက်ကို ဖော်ပြထားသော စာရွက်ကိုလည်း Sales Report သို့သွား၍ “Export” ကိုနှိပ်ကာ စာရွက်ကို ကြိုတင်ပရင့်ထုတ်ထားနိုင်ပါသည်။

(၁၅) ရောင်းသူ၏ အမှားကြောင့် ဖြစ်ပေါ်လာသော အခြေအနေမျိုးအတွက် ရောင်းသူသည် Sales Report >> ပြန်အမ်းလိုသော ပစ္စည်း/ပို့ခ အပေါ်ရှိ “Refund” ကိုနှိပ် >> ပြန်အမ်းလိုသော အရေအတွက်ကို ရိုက်နှိပ်ပြီး “Refund” ကိုနှိပ်ခြင်းဖြင့် ဝယ်သူအား ငွေပြန်အမ်းရမည် ဖြစ်သည်။ သို့ရာတွင် ဝယ်သူက ဒေါင်းပလက်ဖောင်းမှ ယာယီငွေပေးချေထားသော အော်ဒါများအတွက် ဝယ်သူဆီမှ ငွေတိုက်ရိုက်လက်ခံရန် “Refund” လုပ်ခြင်းကို ခွင့်မပြုပါ။ ဤသို့ပြုလုပ်ပါက ရောင်းသူနှင့် ရောင်းသူ၏အကောင့်ကို ချက်ချင်းရာသက်ပန် ပိတ်ပင်ပါမည်။ မည်သည့်အကြောင့်ဖြင့်မဆို “Refund” ပြုလုပ်သော အကြိမ်အရေအတွက်များလာပါက ဒေါင်းက ရောင်းသူနှင့် ရောင်းသူ၏အကောင့်ကို ပိတ်ပင်ပါမည်။


ဝယ်သူနှင့်ရောင်းသူများအကြား အငြင်းပွားနိုင်ဖွယ်ကိစ္စများကို ဖြေရှင်းဆုံးဖြတ်ရန် သတ်မှတ်ထားသော စည်းမျဉ်းများ

(၁) ရောင်းသူ ပို့လိုက်သောပစ္စည်းသည် ရောင်းသူကြော်ငြာတွင်ဖော်ပြထားသောအချက်များနှင့် သိသိသာသာ ကွဲလွဲနေပါက ရောင်းသူ၏တာဝန်သာဖြစ်ပြီး၊ ရောင်းသူက အဆိုပါဆုံးရှုံးသွားသော ပို့ခကို ကျခံရပါမည်။ ပစ္စည်းပို့သည့်အချိန်တွင် ဝယ်သူက ပစ္စည်းကို ချက်ချင်းစစ်ဆေးပြီး၊ ပစ္စည်းသည် ဖော်ပြထားသည့်အတိုင်းမဟုတ်ပါက ရောင်းသူကို ဆက်သွယ်၍ ထိုပစ္စည်းကို ပစ္စည်းပို့သူထံသို့ ပြန်အပ်နှံပါ။ ထိုအခြေအနေမျိုးတွင် ရောင်းသူက ဝယ်သူနှင့်ညှိနှိုင်း၍ အစားထိုးပစ္စည်းအား ဝယ်သူထံသို့ ပေးပို့နိုင်ပါသည်။ သို့မဟုတ်ပါက ရောင်းသူက ဝယ်သူယာယီပေးချေထားသော ပစ္စည်းနှင့် ပို့ခ တို့အတွက် refund ပြန်လုပ် (ပြန်အမ်း)ပေးရမည် ဖြစ်ပြီး ရောင်းသူက refund မလုပ်ပေးပါက ဝယ်သူသည် အထောက်အထားများဖြင့် admin သို့ ဒေါင်း၏ message box မှတစ်ဆင့် တိုင်ကြားနိုင်ပါသည်။ သို့ရာတွင် ပို့လိုက်သောပစ္စည်းကို မည်သည့်အကြောင်းကြောင့်ဖြစ်စေ ဝယ်သူသည် လက်မခံပါက ဝယ်သူက ပို့ခကို ကျခံရမည်ဟု ရောင်းသူသည် ကြိုတင်ရှင်းလင်းစွာ ဖော်ပြထားလျှင် ဝယ်သူက ပို့ခကို ကျခံရပါမည်။

(၂) delivery agents/companies များ၏ အမှား (သို့) ထိန်းသိမ်းကိုင်တွယ်မှုပြဿနာများကြောင့် ဖြစ်ပေါ်သော ပစ္စည်းပျောက်ဆုံးမှုနှင့် ပျက်ဆီးမှုများအတွက် ရောင်းသူ၌သာ တာဝန်ရှိပြီး ရောင်းသူ (သို့) delivery agents/companies က ထိုဆုံးရှုံးသွားသောပို့ခကို ကျခံရပါမည်။ ထိုသို့ဖြစ်ပေါ်လာပါက ရောင်းသူက delivery agents/companies နှင့် ထိုပြဿနာကို တိုက်ရိုက်ဖြေရှင်းရပါမည်။ ရောင်းသူက ဝယ်သူနှင့်ညှိနှိုင်း၍ အစားထိုးပစ္စည်းအား ဝယ်သူထံသို့ ပေးပို့နိုင်ပါသည်။ သို့မဟုတ်ပါက ရောင်းသူက ဝယ်သူယာယီပေးချေထားသော ပစ္စည်းနှင့် ပို့ခ တို့အတွက် refund ပြန်လုပ်ပေးရမည် ဖြစ်ပြီး ရောင်းသူက refund မလုပ်ပေးပါက ဝယ်သူသည် သက်သေအထောက်အထားများဖြင့် admin သို့ ဒေါင်း၏ message box မှတစ်ဆင့် တိုင်ကြားနိုင်ပါသည်။

(၃) ရောင်းသူဖက်မှ ပစ္စည်းပို့သူက ပစ္စည်းပို့စဉ်တွင် ပစ္စည်းလက်ခံမည့်သူ ပစ္စည်းပို့မည့်နေရာတွင်ရှိစေရန်နှင့် ပစ္စည်းပို့မည့် အခြေအနေကို တင်ပြရန် ပစ္စည်းပို့သူအား ဝယ်သူကို ဖုန်းဖြင့် ဆက်သွယ်စေရပါမည်။ ထိုသို့ ကြိုးစားဆက်သွယ်ပြီး ပစ္စည်းပို့ချိန်တွင် လက်ခံမည့်သူမရှိခြင်း (သို့) ဝယ်သူက ဖုန်းနှင့် နေရပ်လိပ်စာအမှားပေးထားခြင်းတို့ကြောင့် ဖြစ်ပေါ်သော ဆုံးရှုံးသွားသောပို့ခအတွက် ဝယ်သူကကျခံရပါမည်။ ထို့ပြင် အခြောက် ခံတာရှည်ခံ စားသောက်ကုန်များမဟုတ်သည့် ရောင်းသူဆီသို့ ပြန်သယ်လာပါက ပျက်စီးသွားနိုင်သော စားသောက်ကုန်ပစ္စည်းများအတွက် ဝယ်သူက ကျခံရပါမည်။ ထိုသို့သော အခြေအနေမျိုးတွင် ဝယ်သူက “pay” မလုပ်ပေးပါက ရောင်းသူသည် အထောက်အထားများဖြင့် admin သို့ ဒေါင်း၏ message box မှတစ်ဆင့် တိုင်ကြားနိုင်ပါသည်။

(၄) ဝယ်သူသည် ပစ္စည်းကို မနှစ်သက်သောကြောင့် ပစ္စည်းကို လက်မခံပါက၊ ရောင်းသူ၏ return and refund policy (ပစ္စည်းပြန်အပ်ခြင်းနှင့်ငွေပြန်အမ်းခြင်းမူဝါဒ) အတိုင်း ဆုံးရှုံးမှုဝန်ကိုထမ်းမည့်သူသည် မည်သူဖြစ်သည်ကို ဆုံးဖြတ်ပါမည်။ ရောင်းသူ ကြော်ငြာတွင်ဖော်ပြထားသော return and refund policy နှင့် ရောင်းသူနှင့်ဝယ်သူအကြား message ဖြင့် ဆက်သွယ်ထားသော စာ (သို့) အသံဖိုင် အထောက်အထားများအတိုင်း ဆုံးဖြတ်သွားပါမည်။ ဝယ်သူအနေဖြင့် မိမိ ပစ္စည်းကို မဝယ်ခင်တွင် return and refund policy ကို သိရှိ နားလည်ထားကာ မရှင်းလင်းပါက ရောင်းသူအား မေးမြန်းပါ။ ရောင်းသူက ပစ္စည်းအတွက် သီးသန့်အာမခံချက် (ဉပမာ။ ။၅ ရက်) ပေးထားပါက ဝယ်သူသည် ပစ္စည်းကိုလက်ခံရရှိပြီး အာမခံရက်(ဉပမာအရ။ ။၅ ရက်) ပြည့်ပြီးနောက် ရောင်းသူဆီသို့ ငွေလွှဲပေးရပါမည်။

(၅) ရောင်းသူက နေရာဒေသတစ်ခုအတွက် free delivery အဖြစ်သတ်မှတ်ထားပါက မည်သည့်အခြေအနေမျိုးတွင်မဆို ဝယ်သူက ပို့ခအတွက် “Pay” လုပ်ရန် မလိုသောကြောင့် ရောင်းသူကသာ ပို့ခကို ကျခံရပါမည်။

မှတ်ချက်- ရောင်းသူနှင့်ဝယ်သူအကြား အငြင်းပွားစရာကိစ္စရပ်များကို ရောင်းသူနှင့် ဝယ်သူအချင်းချင်း ဆက်သွယ်ညှိနှိုင်းဖြေရှင်းပါ။ ထိုသို့မဖြေရှင်းနိုင်ဘဲ အဆိုပါကိစ္စရပ်များကို ဒေါင်းထံသို့ တင်ပြလာပါက ဒေါင်း၏ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပြီး ဝယ်သူနှင့် ရောင်းသူက ထိုဆုံးဖြတ်ချက်ကို လိုက်နာပါမည်ဟု ကတိကဝတ်ပြုထားသည်။

< သတိပေးချက်– ဒေါင်းသို့ ပေးပို့သော သက်သေအထောက်အထားတိုင်း၏ မှန်ကန်စစ်မှန်မှုကို စုံစမ်းစစ်ဆေးမည်ဖြစ်ပါသည်။ ဖြတ်ပိုင်း၊ ပစ္စည်းပို့ပြေစာများနှင့် အခြားအထောက်အထားများကို လိမ်လည်အတုအပပြုလုပ်ခြင်းသည် ရာဇဝတ်မှုဖြစ်ပြီး၊ လိမ်လည်သူ၏ အကောင့်၊ IP လိပ်စာ၊ မှတ်ပုံတင်နှင့် ဘဏ်အကောင့်တို့ကို ရာသက်ပန်ပိတ်ပင် အမည်းစာရင်းထဲသွင်းသည်မှစ၍ သက်ဆိုင်ရာအာဏာပိုင်ဆီသို့ သတင်းပေးပို့ခြင်းနှင့် တရားစွဲဆိုခြင်းတို့အထိ အရေးယူနိုင်ပါသည်။>

The following instructions, terms and conditions are applicable only to the sellers who wish to make their item(s) available for purchase directly via this Daung online marketplace.


Benefits to Sellers

Online shopping scams are very common and daily occurrences in Myanmar.

If you make your item(s) available for purchase directly via this Daung online marketplace and your item(s) is ordered, you (the seller) are protected against the delivery cost and loss of your perishable item(s) due to scams by buyers since payment for your item(s) is deposited into an escrow account of this platform by the buyer at the time of purchase. If you choose to sell your service directly via Daung at ITEMS (FOR SALE) >> Virtual Products/Service Contracts, your reasonable service provided as described in your service contract is also well-protected against loss due to buyer’s scams and unreasonable demands.

Since buyers from all over the country, Myanmar, can purchase with confidence, you will be able to secure more buyers/customers. The platform also connects you with international buyers from all over the world. There is no commission fee on sales if your product is sold.

If you choose to ship/deliver your item(s) using the specific shipping/delivery agents recommended by Daung, you will not be bearing the delivery cost due to the failure of the buyer to collect the item at the delivery address at the time of delivery. You will be reimbursed for the delivery fee you charged based on your pre-defined rates on the My Delivery Rates page.

Order notifications are sent instantly to your registered email. Orders can be viewed on the Sales Report page.

You can edit the stock quantity of your item at any time on the Listings page.


How to make your item(s) available for purchase online

(1) Firstly, set your delivery rates on the My Delivery Rates page for each location based on the weight of the item(s) to be delivered. The delivery rate will be applied based on the total weight of your item(s) purchased by buyers and the delivery address selected at the checkout.

[Note: A buyer cannot purchase your item(s) if the delivery rate was not set for the specific delivery address selected by the buyer (or) the total weight of the item(s) purchased exceeds the maximum weight defined on your “My Delivery Rates” page.]

(2) On the My Delivery Rates page, select a location in the following order: (a) Country (b) Region (c) Town/Township and click plus button

(3) For a location selected, set a rate and the corresponding weight limit for the delivery item(s). For instance, if the delivery rate for the weight limit of 2 kg is 1000 Ks, type in “2” in “Up to KG” and “1000” in “Ks”. To set a new rate for a higher weight limit, click resized-plusbutton

*** For a delivery rate independent of the weight of the item(s), set a rate and type in a large number (e.g. 5000) for “Up to KG”.

*** For a free delivery, type in “0” for “Ks” and a large number for “Up to Kg”.

(4) Upon completion of the data entries for a location, click “Submit”. Restart from step (2) to set rate(s) for a new location.

(5) You can always delete or edit your delivery rates by clicking edit button

To delete, click delete button

To edit, type in your new rate and/or the corresponding weight limit and, then, click save button

(6) To post your item ad, click “Post an Ad” on the menus at the top (right) corner, choose ITEMS (FOR SALE) and select a relevant item category.

(7) On the ad submission form, tick “Yes” for the “online purchase/delivery available” field. Note that only when you choose that option will the “Add to Cart” button appear on your published ad.

(8) If, for any reasons, the “Add to Cart” button is absent on your ad post and you want it to appear, go to your profile and listings page. On your ad, click “Edit Ad” edit ad button under the “Actions” column. If “Yes” checkbox for the “online purchase/delivery available” is unchecked, check it. If you see it unchecked, un-check and re-check it. Finally, click “Update Ad” at the bottom.

(9) On the same “Edit Ad” page, you can change the quantity of your item(s). However, please note that the quantity on the “Edit Ad” page does not change dynamically as buyers purchase your item. It only reflects the total quantity you last specified.

(10) If you registered your account with your Facebook account that was verified with phone only, you will need to input your email at your profile username> Edit Profile > General > Email

(11) Once your item(s) is purchased, your will immediately receive order notifications via registered email. Sometimes, emails can land in Span/Junk Mail. To avoid this, you need to mark emails from Daung as not spams. You can also check and verify the orders at Sales Report

Warning: – Only the orders you receive from noreply@daung.org were paid into escrow. Be aware of scam emails. To avoid email scams, check the sender email address within the < > if there is any < >. If you are not sure, you can always check your orders at My Sales Report. Our Daung Team NEVER makes a phone call to ask you to deliver your item. Our Daung Team will not take any responsibility for the loss of your item(s) should you happen to deliver your item(s) not paying heed to this warning.

(12) Once your receive order notifications, please be prepared to deliver your item as described in your ad as soon as possible.

(13) If you deliver your item via delivery agents/companies, keep the receipts as proof of delivery. Should a buyer claim that the item was not delivered, you can present them as evidences. However, the seller is still liable for loss or damage of an item caused by delivery agent/company during delivery as described in the rule no.(2) of the “Rules and criteria for resolution of conflict between a buyer and a seller” session below. <NOTE: If a seller chooses a delivery agent/company other than the following recommended delivery agents/companies, Daung’s acceptance of receipts from such agent/company as proof of delivery is not guaranteed.>

Royal Express Myanmar

Marathon Express

Ninja Van Myanmar

Red ANT Express

Idol Delivery Service and Transportation

Zarla Delivery Service -ZDS

Myanmar Post [For delivery via Myanmar Post, e-post service and an additional buyer-phone-call service must be purchased.]

Delivery to Express Car Terminals via Express/High Way Buses (if buyer needs to collect item(s) from the express bus’s city terminal, make sure you describe it in your ad post.)

(14) At the time of delivery, request the buyer to go to “My Orders” >> “View” >> “Pay” >> select corresponding item(s) and/or delivery fee and click “Pay”, following inspection of the item by the buyer. The payment will be immediately deposited into your wallet once the buyer confirms payment by clicking “Pay”. Check the amount deposited into your wallet.

Warning: – If you are delivering item by yourself or by means of any delivery agents/companies other than the ones described above, you will definitely need to ask the buyer to issue you payment by following the procedure described in (14) after the buyer receives and examines the item. In the event that buyer cannot take such action for any reason, you will need to ask the buyer to write down (i) his/her username along with (ii) his/her name and (iii) signature on a paper as proof of receipt showing item(s) and quantity purchased along with the statement that the buyer received the item as described. You will need to ask for the identification card of the buyer and verify the username and the signature of the buyer on the paper. You may also export a file showing a list of item(s) and quantity at “Sales Report” and print the paper in advance.

(15) When a seller is liable for loss, damage or mistakes, the seller is required to issue refund to the buyer by going to Sales Report >> click “Refund” on the item/delivery fee you want to refund >> enter the quantity to refund and click “Refund”. However, refunding the online orders with escrow payment placed via Daung to accept payment directly from buyers is strictly prohibited and doing so will result in the seller and the seller’s account being immediately and permanently banned. For any reasons, if a seller has carried out refund executions frequently, the seller and the seller’s account will be banned.


Rules and criteria for resolution of conflict between a buyer and a seller

(1) If an item sent by a seller is significantly not as described, the seller is liable to pay the delivery fee lost. At the time of delivery of the item, buyers are strongly advised to check the item, communicate with the seller and return it immediately to the delivery person if it is not as described. Under such circumstance, the seller can negotiate with the buyer and deliver an acceptable substitute, or else the seller can refund both the item and the delivery fees. Should the seller fail to comply with a request to refund, the buyer can file a complaint with supporting evidences to the admin via Daung’s message box. However, if a seller clearly described in advance that buyer had to pay the delivery fee in case, for any reason, a buyer did not accept an item delivered, the buyer will be liable to pay the delivery fee.

(2) Seller or delivery agent/company is liable for loss or damage of an item caused by the delivery agent/company during delivery and the delivery cost associated with it. If it occurs, it is the responsibility of the seller to communicate and resolve the issue directly with the delivery agent/company. The seller can negotiate with the buyer and deliver an acceptable substitute, or else the seller can refund both the item and the delivery fees. Should the seller fail to comply with a request to refund, the buyer can file a complaint with supporting evidences to the admin via Daung’s message box.

(3) Seller is required to ensure that item/package delivery person communicates directly with buyer over the phone regarding the status of delivery in order to ensure the availability of an item/package recipient at the address provided by the buyer at the time of delivery. After all these communication attempts by the delivery person, the loss of the delivery fee incurred due to unavailability of an item recipient at the physical address or the incorrect phone or physical address provided by the buyer is to be borne by the buyer. If the item delivered involves food item, the buyer will be liable for the loss of food that is not dry and can spoil when brought back to the seller. If the buyer, under such circumstance, does not click “Pay” upon request by the seller, the seller can file a complaint with supporting evidences to the admin via Daung’s message box.

(4) In the event that a buyer does not like the item delivered due to personal preferences, the resolution on the liability will be made in accordance with the prescribed return policy in the ad description and the correspondences (or) voice messages recorded between the buyer and the seller. Prior to making a purchase, the buyer is strongly recommended to ask the seller for a clear understanding of the seller’s return and refund policy. If a seller gives a separate warranty on the item (for example: 5 days), buyer is required to release funds to the seller right after the warranty period (5 days as per the example) following the receipt of the item.

(5) In case a seller sets a free delivery rate for a certain region/township, the seller is responsible for the cost of delivery for that region/township under any circumstance as the buyer does not need to click “Pay” to pay the delivery fee.

NOTE: The buyer and the seller are strongly advised to first attempt to settle any dispute between each other. In an event that settlement cannot be reached after self-settlement attempt and one or both parties file complaints to Daung, the buyer and the seller agree to regard any resolution made by Daung as final and accept it as such.

< WARNING : Every evidence submitted to Daung will be investigated and verified for its authenticity. Forgery of receipts and fabrication of any evidences is criminal offense and can lead to several dire consequences ranging from the account, IP Address, National ID and bank accounts being permanently banned and blacklisted to the account owner being reported to the authorities and prosecuted.>