How to buy online (အွန်လိုင်းပေါ်တွင် ပစ္စည်းတိုက်ရိုက်ဝယ်နည်း)

NOTE: Burmese (unicode) is followed by English
(Download Android App link ကိုနှိပ်ကာ Play Store မှ Android App (Daung Myanmar) ကို download လုပ်၍လည်း အသုံးပြုနိုင်ပါသည်။)
ဤအောက်ပါအချက်အလက်များသည် ပစ္စည်းများကို အွန်လိုင်း၌ တိုက်ရိုက်ဝယ်ယူလိုသူများအတွက်သာ အကျုံးဝင်သည်။ အွန်လိုင်း၌ တိုက်ရိုက်ဝယ်ယူခြင်းဆိုသည်မှာ မိမိ၏ wallet တွင် ထည့်ထားသော balance ကိုသုံး၍ ပစ္စည်းဝယ်ယူချိန်၌ ရောင်းသူ၏အကောင့်ထဲသို့ တိုက်ရိုက်ငွေပေးချေခြင်းမဟုတ်ဘဲ escrow ကြားခံဘုံအကောင့်ထဲသို့ ငွေသွင်းကာ ယာယီငွေပေးချေခြင်းဖြစ်သည်။ မိမိဝယ်ယူထားသောပစ္စည်းကိုရမှသာ escrow ကြားခံဘုံအကောင့်ထဲမှ (ဝယ်သူ)မိမိကိုယ်တိုင် ရောင်းသူ၏အကောင့်ထဲသို့ ငွေလွှဲပေးရခြင်းဖြစ်သည်။


ဝယ်သူများအတွက် အကျိုးကျေးဇူးများ

မြန်မာနိုင်ငံတွင် အွန်လိုင်းပေါ်တွင် စျေးရောင်းဝယ်ရာ၌ လိမ်လည်မှုများ နေ့စဉ်နှင့်အမျှ အကြိမ်ဖန်များစွာ ဖြစ်ပေါ်လျက်ရှိပါသည်။

ဤအွန်လိုင်းပလက်ဖောင်း၌ ဝယ်ယူခြင်းဖြင့် ပစ္စည်းမပို့မှု (သို့) ပစ္စည်းကြော်ငြာတွင် ရောင်းသူ၏မမှန်မကန်ဖော်ပြမှု (သို့) ပစ္စည်းပို့စဉ်အတွင်း ပစ္စည်းပျက်စီးဆုံးရှုံးမှုတို့ကြောင့် မိမိ၏ငွေကြေးဆုံးရှုံးမှုကို အကာအကွယ်ပေးရန် အာမခံချက်ပေးထားသည်။ သတိပြုရန်-ဤအွန်လိုင်းပလက်ဖောင်း၌ wallet မှ balance ဖြင့် တိုက်ရိုက်ဝယ်ယူခြင်းမဟုတ်ဘဲ ပြင်ပ၌ ငွေလွှဲ၊ငွေပေးချေပြီး မိမိ၏ငွေကြေးဆုံးရှုံးမှု ဖြစ်ပေါ်လာပါက (Daung) ဒေါင်းအဖွဲ့မှ လုံးဝတာဝန်မယူပါ။


ဤအွန်လိုင်းပလက်ဖောင်း၌ ပစ္စည်းတိုက်ရိုက်ဝယ်နည်း

(၁) ပစ္စည်းဝယ်ရန် wallet တွင် ပစ္စည်းဝယ်ရန် ငွေအလုံအလောက်ဖြည့်ထားရမည်။ ငွေဖြည့်ရန်နည်းလမ်းများကို wallet စာမျက်နှာတွင် ဖော်ပြထားသည်။

(၂) မိမိဝယ်လိုသောပစ္စည်းကိုရှာပါ။ ရောင်းသူ၏ username ကို “အတိအကျ”သိပါက username ကို “What are you looking for?” နေရာတွင် ရိုက်ထည့်ပါ။ ထိုရောင်းသူ၏ ကြော်ငြာများနှင့် မိမိရိုက်ထဲ့သော username နှင့်ဆင်တူရှိသည့် ရောင်းသူများ၏ ကြော်ငြာများ ပေါ်လာလိမ့်မည်။

(၃) မိမိဝယ်လိုသောပစ္စည်းကို တွေ့ပါက ဝယ်မည့်အရေအတွက်ကို ရိုက်ထည့်၍ “Add to Cart” အစိမ်းရောင်ခလုတ်ကိုနှိပ်ပါ။ ပစ္စည်းကြော်ငြာ၌ ဝယ်ရန် “Add to Cart” ခလုတ်မရှိပါက ရောင်းသူက ပစ္စည်းကိုအွန်လိုင်း၌ တိုက်ရိုက်ရောင်းရန် မရွေးချယ်ထားခြင်းကြောင့် (သို့) ရွေးချယ်ရန် မေ့လျော့ခဲ့ခြင်းဖြစ်နိုင်သောကြောင့် သေချာလိုပါက ရောင်းသူနှင့် တိုက်ရိုက်ဆက်သွယ်ပါ။

သတိပြုရန်- ကြော်ငြာပစ္စည်း “ကား”များကို ဤအွန်လိုင်းပလက်ဖောင်း၌ တိုက်ရိုက်ရောင်းဝယ်ခွင့်မပြုပါ။

(၄) ပစ္စည်းတစ်ခုကို ဝယ်ပြီးပါက ထိုပစ္စည်းရောင်းသူထံမှ အခြားပစ္စည်းများကို ဆက်လက်ဝယ်ယူနိုင်ပါသည်။ တစ်ကြိမ်ဝယ်လျှင် ရောင်းသူတစ်ဉီးထံမှ တစ်မျိုးထက်မကသော ပစ္စည်းများကို စုပေါင်းဝယ်ယူနိုင်ပါသည်။ သို့သော် တစ်ကြိမ်ဝယ်လျှင် တစ်ဉီးထက်ပိုသော ရောင်းသူများထံမှ ပစ္စည်းများကို စုပေါင်းဝယ်ယူ၍ မရပါ။

(၅) ပစ္စည်း(များ)ကို Cart စျေးခြင်းတောင်းထဲထည့်ပြီးပါက ဘယ်ထောင့်ထိပ် menu ရှိ Cart Cart စျေးခြင်းတောင်းပုံကို နှိပ်ပြီး၊ Cart စျေးခြင်းတောင်းစာမျက်နှာတွင် “Proceed to checkout” ကိုနှိပ်ပါ။

(၆) Checkout စာမျက်နှာတွင် မိမိ၏ပစ္စည်းပို့ရန်လိပ်စာကို Country-> Region-> Town/Township အစဉ်အလိုက်အတိုင်းရွေးပြီး terms and conditions ကို သဘောတူကာ “Place order” ခလုတ်ကိုနှိပ်ပါ။

သတိပြုရန်- အချို့သောနေရာများဆီသို့ ရောင်းသူကပစ္စည်းမပို့နိုင်ခြင်းကြောင့်လည်းကောင်း၊ အချို့သောနေရာများအတွက် ရောင်းသူက ရောင်းသူ၏ “My Delivery Rates” စာမျက်နှာတွင် စျေးနှုန်းမသတ်မှတ်ထားခြင်းကြောင့်လည်းကောင်း၊ မိမိ၏စျေးခြင်းတောင်းတွင် တင်ထားသောပစ္စည်း(များ)၏စုစုပေါင်းအလေးချိန်သည် ရောင်းသူက “My Delivery Rates” စာမျက်နှာတွင် သတ်မှတ်ထားသော အများဆုံးအလေးချိန်ထက်ပိုခြင်းကြောင့်လည်းကောင်း အချို့သောပို့ရန်နေရာများကို ရွေးချယ်လိုက်ပါက Total Delivery တွင် အောက်ပါစာသားကိုတွေ့ရလိမ့်မည်။ “No delivery available for the location selected (OR) the total weight of the product(s) exceeds the maximum weight defined by the seller. Contact the seller with the username” ထိုအခြေအနေမျိုးတွင် ပစ္စည်းကို ဝယ်၍မရသောကြောင့် သေချာလိုပါက ရောင်းသူကို ဖုန်းဖြင့်ဖြစ်စေ၊ message box မှဖြစ်စေ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။

(၇) အော်ဒါတင်ပြီးနောက် အကြောင်းတစ်စုံတစ်ရာကြောင့် အော်ဒါကိုပယ်ဖျက်လိုပါက (သို့) ပြင်ဆင်လိုပါက၊ ရောင်းသူနှင့် ‌ဒေါင်းပလက်‌ဖောင်းရှိ message box မှဖြစ်စေ၊ ရောင်းသူကသူ၏ဖုန်းနံပါတ်ကို ဖော်ပြထားပါက ဖုန်းဖြင့်ဖြစ်စေ၊ တင်ထားသောအော်ဒါ၏ Order ID ကို ဖော်ပြ၍ ရောင်းသူနှင့် တိုက်ရိုက်ဆက်သွယ်ပါ။ သတိပြုရန်မှာ ထိုကဲ့သို့ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းကဲ့သို့သော လုပ်ဆောင်မှုမျိုးကို ရောင်းသူက ပစ္စည်းကို “မ”ပို့‌ရသေးမှသာလျှင် လုပ်ဆောင်နိုင်ပါသည်။ ရောင်းသူအား မိမိတင်ထားသောအော်ဒါကို refund လုပ်စေခြင်းအားဖြင့် ရောင်းသူအား အော်ဒါကို ပယ်ဖျက်ရန် တောင်းဆိုနိုင်ပါသည်။

(၈) ရောင်းသူနင့် ဆက်သွယ်ကာ ပစ္စည်းရောက်မည့် နေရာ၊ ရက်နှင့် အချိန်ကို မေးမြန်းနိုင်ပါသည်။ ပစ္စည်းပို့မည့် ရက်နှင့်အချိန်တွင် ပစ္စည်းကို လက်ခံ၍ စစ်ဆေးရန် အသင့်ရှိနေပါ။

(၉) ပစ္စည်းကို လက်ခံရရှိချိန်တွင် ချက်ချင်းစစ်ဆေးပြီး၊ ရောင်းသူဖော်ပြထားသည့်အတိုင်း ပစ္စည်းကို လက်ခံရရှိပါက My Orders >> “View” >> “Pay” >> ပေးချေရန် ပစ္စည်း(များ)နှင့် ပို့ခကို ရွေးချယ်ပြီး “Pay” ခလုတ်ကို နှိပ်၍ ရောင်းသူထံ ငွေလွှဲရပါမည်။ ပစ္စည်းသည် ရောင်းသူဖော်ပြထားသည့်အတိုင်းမဟုတ်ဘဲ သိသာသောကွဲလွဲမှုရှိပါက “Pay” ကို မနှိပ်ပါနှင့်။ ရောင်းသူနှင့် ဆက်သွယ်၍ ညှိနှိုင်းပါ။ ပစ္စည်းကို ရောင်းသူဖော်ပြထားသည့်အတိုင်း လက်ခံရရှိမှသာ “Pay” ကို နှိပ်ပါ။


ဝယ်သူနှင့်ရောင်းသူများအကြား အငြင်းပွားနိုင်ဖွယ်ကိစ္စများကို ဖြေရှင်းဆုံးဖြတ်ရန် သတ်မှတ်ထားသော စည်းမျဉ်းများ

(၁) ရောင်းသူ ပို့လိုက်သောပစ္စည်းသည် ရောင်းသူကြော်ငြာတွင်ဖော်ပြထားသောအချက်များနှင့် သိသိသာသာ ကွဲလွဲနေပါက ရောင်းသူ၏တာဝန်သာဖြစ်ပြီး၊ ရောင်းသူက အဆိုပါဆုံးရှုံးသွားသော ပို့ခကို ကျခံရပါမည်။ ပစ္စည်းပို့သည့်အချိန်တွင် ဝယ်သူက ပစ္စည်းကို ချက်ချင်းစစ်ဆေးပြီး၊ ပစ္စည်းသည် ဖော်ပြထားသည့်အတိုင်းမဟုတ်ပါက ရောင်းသူကို ဆက်သွယ်၍ ထိုပစ္စည်းကို ပစ္စည်းပို့သူထံသို့ ပြန်အပ်နှံပါ။ ထိုအခြေအနေမျိုးတွင် ရောင်းသူက ဝယ်သူနှင့်ညှိနှိုင်း၍ အစားထိုးပစ္စည်းအား ဝယ်သူထံသို့ ပေးပို့နိုင်ပါသည်။ သို့မဟုတ်ပါက ရောင်းသူက ဝယ်သူယာယီပေးချေထားသော ပစ္စည်းနှင့် ပို့ခ တို့အတွက် refund ပြန်လုပ်ပေးရမည် ဖြစ်ပြီး ရောင်းသူက refund မလုပ်ပေးပါက ဝယ်သူသည် အထောက်အထားများဖြင့် ‌admin သို့ ဒေါင်း၏ message box မှတစ်ဆင့် တိုင်ကြားနိုင်ပါသည်။ သို့ရာတွင် ပို့လိုက်သောပစ္စည်းကို မည်သည့်အကြောင်းကြောင့်ဖြစ်စေ ဝယ်သူသည် လက်မခံပါက ဝယ်သူက ပို့ခကို ကျခံရမည်ဟု ရောင်းသူသည် ကြိုတင်ရှင်းလင်းစွာ ဖော်ပြထားလျှင် ဝယ်သူက ပို့ခကို ကျခံရပါမည်။

(၂) delivery agents/companies များ၏ အမှား (သို့) ထိန်းသိမ်းကိုင်တွယ်မှု ပြဿနာများကြောင့် ဖြစ်ပေါ်သော ပစ္စည်းပျက်ဆီးနှင့် ပို့ခဆုံးရှုံးမှုများအတွက် ရောင်းသူ၌သာ တာဝန်ရှိပါသည်။ ထိုသို့ဖြစ်ပေါ်လာပါက ရောင်းသူက delivery agents/companies နှင့် ထိုပြဿနာကို တိုက်ရိုက်ဖြေရှင်းရပါမည်။ ရောင်းသူက ဝယ်သူနှင့်ညှိနှိုင်း၍ အစားထိုးပစ္စည်းအား ဝယ်သူထံသို့ ပေးပို့နိုင်ပါသည်။ သို့မဟုတ်ပါက ရောင်းသူက ဝယ်သူယာယီပေးချေထားသော ပစ္စည်းနှင့် ပို့ခ တို့အတွက် refund ပြန်လုပ်ပေးရမည် ဖြစ်ပြီး ရောင်းသူက refund မလုပ်ပေးပါက ဝယ်သူသည် အထောက်အထားများဖြင့် admin သို့ ဒေါင်း၏ message box မှတစ်ဆင့် တိုင်ကြားနိုင်ပါသည်။

(၃) ရောင်းသူဖက်မှ ပစ္စည်းပို့သူက ပစ္စည်းပို့စဉ်တွင် ပစ္စည်းလက်ခံမည့်သူ ပစ္စည်းပို့မည့်နေရာတွင်ရှိစေရန်နှင့် ပစ္စည်းပို့မည့် အခြေအနေကို တင်ပြရန် ပစ္စည်းပို့သူအား ဝယ်သူကို ဖုန်းဖြင့် ဆက်သွယ်စေရပါမည်။ ထိုသို့ ကြိုးစားဆက်သွယ်ပြီး ပစ္စည်းပို့ချိန်တွင် လက်ခံမည့်သူမရှိခြင်း (သို့) ဝယ်သူက ဖုန်းနှင့် နေရပ်လိပ်စာအမှားပေးထားခြင်းတို့ကြောင့် ဖြစ်ပေါ်သော ဆုံးရှုံးသွားသောပို့ခအတွက် ဝယ်သူကကျခံရပါမည်။ ထို့ပြင် အခြောက် ခံတာရှည်ခံ စားသောက်ကုန်များမဟုတ်သည့် ရောင်းသူဆီသို့ ပြန်သယ်လာပါက ပျက်စီးသွားနိုင်သော စားသောက်ကုန်ပစ္စည်းများအတွက် ဝယ်သူက ကျခံရပါမည်။ ထိုသို့သော အခြေအနေမျိုးတွင် ဝယ်သူက “pay” မလုပ်ပေးပါက ရောင်းသူသည် အထောက်အထားများဖြင် admin သို့ ဒေါင်း၏ message box မှတစ်ဆင့် တိုင်ကြားနိုင်ပါသည်။

(၄) ဝယ်သူသည် ပစ္စည်းကို မနှစ်သက်သောကြောင့် ပစ္စည်းကို လက်မခံပါက၊ ရောင်းသူ၏ return and refund policy အတိုင်း ဆုံးရှုံးမှုဝန်ကိုထမ်းမည့်သူသည် မည်သူဖြစ်သည်ကို ဆုံးဖြတ်ပါမည်။ ရောင်းသူ ကြော်ငြာတွင်ဖော်ပြထားသော return and refund policy နှင့် ရောင်းသူနှင့်ဝယ်သူအကြား message ဖြင့် ဆက်သွယ်ထားသော စာ (သို့) အသံဖိုင် အထောက်အထားများအတိုင်း ဆုံးဖြတ်သွားပါမည်။ ဝယ်သူအနေဖြင့် မိမိ ပစ္စည်းကို မဝယ်ခင်တွင် return and refund policy ကို သိရှိ နားလည်ထားကာ မရှင်းလင်းပါက ရောင်းသူအား မေးမြန်းပါ။ ရောင်းသူက ပစ္စည်းအတွက် သီးသန့်အာမခံချက် (ဉပမာ။ ။၅ ရက်) ပေးထားပါက ဝယ်သူသည် ပစ္စည်းကိုလက်ခံရရှိပြီး အာမခံရက်(ဉပမာအရ။ ။၅ ရက်) ပြည့်ပြီးနောက် ရောင်းသူဆီသို့ ငွေလွှဲပေးရပါမည်။

(၅) ရောင်းသူက နေရာဒေသတစ်ခုအတွက် free delivery အဖြစ်သတ်မှတ်ထားပါက မည်သည့်အခြေအနေမျိုးတွင်မဆို ဝယ်သူက ပို့ခအတွက် “Pay” လုပ်ရန် မလိုသောကြောင့် ရောင်းသူကသာ ပို့ခကို ကျခံရပါမည်။

မှတ်ချက်- ရောင်းသူနှင့်ဝယ်သူအကြား အငြင်းပွားစရာကိစ္စရပ်များကို ရောင်းသူနှင့် ဝယ်သူအချင်းချင်း ဆက်သွယ်ညှိနှိုင်းဖြေရှင်းပါ။ ထိုသို့မဖြေရှင်းနိုင်ဘဲ အဆိုပါကိစ္စရပ်များကို ဒေါင်းထံသို့ တင်ပြလာပါက ဒေါင်း၏ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပြီး ဝယ်သူနှင့် ရောင်းသူက ထိုဆုံးဖြတ်ချက်ကို လိုက်နာပါမည်ဟု ကတိကဝတ်ပြုထားသည်။

< သတိပေးချက်– ဒေါင်းသို့ ပေးပို့သော အထောက်အထားတိုင်း၏ မှန်ကန်စစ်မှန်မှုကို စုံစမ်းစစ်ဆေးမည်ဖြစ်ပါသည်။ ဖြတ်ပိုင်း၊ ပစ္စည်းပို့ပြေစာများနှင့် အခြားအထောက်အထားများကို လိမ်လည်အတုအပပြုလုပ်ခြင်းသည် ရာဇဝတ်မှုဖြစ်ပြီး၊ လိမ်လည်သူ၏ အကောင့်၊ IP လိပ်စာ၊ မှတ်ပုံတင်နှင့် ဘဏ်အကောင့်တို့ကို ရာသက်ပန်ပိတ်ပင် အမည်းစာရင်းထဲသွင်းသည်မှစ၍ သက်ဆိုင်ရာအာဏာပိုင်ဆီသို့ သတင်းပေးပို့ခြင်းနှင့် တရားစွဲဆိုခြင်းတို့အထိ အရေးယူနိုင်ပါသည်။>

The following instructions, terms and conditions are applicable only to the buyers who intend to purchase item(s) via this Daung online marketplace. Purchasing online means placing an order using the buyer’s wallet balance which results in an automatic deposit payment to an escrow account of this online platform. When you, as a buyer, receive your order, you will have to manually release the deposited fund into the seller’s account.


Benefits to Buyers

Online shipping scams are very common and daily occurrences in Myanmar.

Our platform protects buyers against financial loss due to no delivery and a false description of an item by sellers (or) an item damaged or lost during delivery. Note that Daung assumes no responsibility for your financial loss should you be scammed as a result of transactions carried out outside of this platform.


How to purchase online

(1) Refill/Top-up your wallet with money enough to purchase the item of your choice. You can read how to refill your wallet at wallet

(2) Look for item(s) of your choice. If you know the EXACT username of the seller, type the username in the placeholder “What are you looking for” and search. All the ads associated with that specific username and similar usernames will appear.

(3) Once you find an item you want to purchase, click the “Add to Cart” green button. If there is no “Add to Cart” button on an product/item, it is possible that the sellers opted to choose not to sell it online (or) forgot to choose the option to sell it online. You can directly contact the seller for confirmation.

Note: For cars (item), online purchases are NOT allowed.

(4) Following the purchase of an item from a buyer, you may continue to purchase other items from the SAME buyer ONLY. Only the items from one buyer can be combined and purchased at the same time.

(5) Once you finish adding items to cart, click Cart cart icon located at the top left menu and “proceed to checkout”.

(6) On the checkout page, choose your location the the order (Country-> Region-> Town/Township), agree terms and conditions and click “Place order”.

NOTE: You will receive the following message “No delivery available for the location selected (OR) the total weight of the product(s) exceeds the maximum weight defined by the seller. Contact the seller with the username” in the following scenerio(s):
(i) the seller cannot deliver the item to your location
(ii) the seller has not defined the delivery rate for your location on his/her delivery rate page
(iii) the maximum weight of the item(s) exceeds the total weight of the item(s)
You can check with the buyer either by phone or via message box should you see that message.

(7) If you need to edit or cancel an order after placing it, you will need to contact seller, providing the order ID of your order via Daung’s message box or by phone if a phone number is provided by seller. Note that this can only be done before your order is shipped by the seller. You can request the seller to cancel your order by asking him to refund your order.

(8) You can contact the seller to know the estimated time and date of delivery. Please be available to receive and inspect the item at the time of delivery.

(9) Upon receipt of the item, immediately inspect the item and go to My Orders >> “View” >> “Pay” >> select corresponding item(s) and/or delivery fee and click “Pay” to transfer payment to the seller if it is as described. If the item is significantly different from item description, do not click “Pay”. Communicate with the seller to discuss the issue. Only if the item is received as described, click “Pay”.


Rules and criteria for resolution of conflict between a buyer and a seller

(1) If an item sent by a seller is significantly not as described, the seller is liable to pay for the delivery fee lost. At the time of delivery of the item, buyers are strongly advised to check the item, communicate with the seller and return it immediately to the delivery person if it is not as described. Under such circumstance, the seller can negotiate with the buyer and deliver an acceptable substitute, or else the seller can refund both the item and the delivery fees. Should the seller fail to comply with a request to refund, the buyer can file a complaint with supporting evidences to the admin via Daung’s message box. However, if a seller clearly described in advance that buyer had to pay the delivery fee in case, for any reason, a buyer did not accept an item delivered, the buyer will be liable to pay the delivery fee.

(2) Seller is liable for loss or damage of an item caused by delivery agent/company during delivery. If it occurs, the seller can communicate and resolve the issue directly with the delivery agent/company. The seller can negotiate with the buyer and deliver an acceptable substitute, or else the seller can refund both the item and the delivery fees. Should the seller fail to comply with a request to refund, the buyer can file a complaint with supporting evidences to the admin via Daung’s message box.

(3) Seller is required to ensure that item/package delivery person communicates directly with buyer over the phone regarding the status of delivery in order to ensure the availability of an item/package recipient at the address provided by the buyer at the time of delivery. After all these communication attempts by the delivery person, the loss of the delivery fee incurred due to unavailability of an item recipient at the physical address or the incorrect phone or physical address provided by the buyer is to be borne by the buyer. If the item delivered involves food item, the buyer will be liable for the loss of food that is not dry and can spoil when brought back to the seller. If the buyer, under such circumstance, does not click “Pay” upon request by the seller, the seller can file a complaint with supporting evidences to the admin via Daung’s message box.

(4) In the event that a buyer does not like the item delivered due to personal preferences, the resolution on the liability will be made in accordance with the prescribed return policy in the ad description and the correspondences (or) voice messages recorded between the buyer and the seller. Prior to making a purchase, the buyer is strongly recommended to ask the seller for a clear understanding of the seller’s return and refund policy. If a seller gives a separate warranty on the item (for example: 5 days), buyer is required to release funds to the seller right after the warranty period (5 days as per the example) following the receipt of the item.

(5) In case a seller sets a free delivery rate for a certain region/township, the seller is responsible for the cost of delivery for that region/township under any circumstance as the buyer does not need to click “Pay” to pay the delivery fee.

NOTE: The buyer and the seller are strongly advised to first attempt to settle any dispute between each other. In an event that settlement cannot be reached after self-settlement attempt and one or both parties file complaints to Daung, the buyer and the seller agree to regard any resolution made by Daung as final and accept it as such.

< WARNING : Every evidence submitted to Daung will be investigated and verified for its authenticity. Forgery of receipts and fabrication of any evidences is criminal offense and can lead to several dire consequences ranging from the account, IP Address, National ID and bank accounts being permanently banned and blacklisted to the account owner being reported to the authorities and prosecuted.>