Help & FAQ

NOTE: Burmese (unicode) is followed by English
(Download Android App link ကိုနှိပ်ကာ Play Store မှ Android App (Daung Myanmar) ကို download လုပ်၍လည်း အသုံးပြုနိုင်ပါသည်။)

သတိပြုရန်– ဒေါင်း(Daung) မှ မည်သည့်အခါမျှ ဤပလက်ဖောင်းကိုအသုံးပြုသူများ၏ ဒေါင်းအကောင့် password၊ ဘဏ်အကောင့် password နှင့် ဘဏ်မှထုတ်ပေးသော OTP ကို တောင်းခံခြင်းမရှိပါ။ ထိုသို့တောင်းခံခဲ့ပါက ဒေါင်းမှ မဟုတ်ကြောင်း အသိပေးအပ်ပါသည်။ ထိုသို့တောင်းခံခြင်းမျိုးကို တွေ့ရှိပါက (To:) “daungteam” (admin) သို့ ဒေါင်း၏ message box မှတစ်ဆင့် သတင်းပေးပို့ပေးပါ။

Q1: ဒေါင်းအကောင့်ကို ဘယ်လိုဖွင့်ရသလဲ။
A1: ဒေါင်းပလက်ဖောင်းသည် Facebook ထက် အသုံးပြုရတာ အလွန်ပို၍လွယ်ကူပါသည်။ ဒေါင်း အကောင့်ဖွင့် (signup/register လုပ်) ရန်-
ဒေါင်း android app ကို download (install) လုပ်ပြီး ဖွင့်လိုက်ပါက (သို့) browser, chrome, safari တစ်ခုခုတွင် www.daung.org ဝက်ဘ်ဆိုက်စ်လိပ်စာကို ရိုက်ထည့်ပါ။ ပေါ်လာသောစာမျက်နှာပေါ်တွင် ညာထောင့်ထိပ်ရှိ menu ပေါ်ရှိ signup ကို နှိပ်ပါ။ အောက်ပါနည်းလမ်း(၂)သွယ်ဖြင့် register လုပ်နိုင်ပါသည်။

(၁) Email ကို အသုံးပြု၍ ဒေါင်းအကာင့်ဖွင့်ခြင်း- မိမိနှစ်သက်သော Username၊ မိမိ၏ Email နှင့် လျှို့ဝှက်ကုဒ် Password ကို ရိုက်နှိပ်၍ Register ကိုနှိပ်ပါ။ မိမိ register လုပ်ထားတဲ့ email ကို ဖွင့်ပါ။ “Activate Your Account” ဟူသောခေါင်းစဉ်ဖြင့် ဒေါင်းမှစာ (mail)ကို ရပါလိမ့်မည်။ မတွေ့ပါက Spam/Junk Mail Folder တွင် ရှာကြည့်ပါ။ အဲ့ဒီ စာထဲရှိ link ကို နှိပ်ခြင်းဖြင့် ထို email က မိမိ email ဖြစ်ကြောင်း အတည်ပြုပေးရပါမည်။

(၂) Facebook အကောင့်ကို အသုံးပြု၍ ဒေါင်းအကောင့်ဖွင့်ခြင်း- အောက်ဖက်တွင် “Continue with Facebook” ကိုနှိပ်၍ မိမိနှစ်သက်သော username ကို English ဖြင့် ရိုက်နှိပ်ပါ။ မိမိ Facebook အကောင့်ဖြင့်ဝင်ပြီးပါက၊ မိမိ Facebook အကောင့်တွင် Email မရှိပါက Profile > General အောက်တွင် ထည့်ပေး “နိုင်” ပါသည်။ (သတိပြုရန်- ရောင်းဝယ်သည့်အခါ အော်ဒါများနှင့် ငွေပေးချေမှု၊ ငွေအမ်းမှုများနှင့်ပတ်သက်သော အကြောင်းကြားချက်များကို မိမိ၏ Email သို့ အလိုအလျောက်ပို့ပေးပါသည်။)
အထက်ပါနည်းတစ်နည်းဖြင့် signup (register)အကောင့်ဖွင့်ခြင်းသည် အောင်မြင်ပါက ညာထောင့်ထိပ် menu ပေါ်ရှိ Login မှတစ်ဆင့် မိမိရွေးချယ်ထားသော မိမိ၏ username နှင့် လျှို့ဝှက်ကုဒ်(password) ဖြင့် မိမိ၏အကောင့်ထဲသို့ ဝင်ရောက်နိုင်ပါသည်။

Q2: ဤဒေါင်းပလက်ဖောင်းရဲ့ အဓိကအားသာချက်နှင့် အကျိုးကျေးဇူးတွေက ဘာလဲ။
A2: ဤပလက်ဖောင်းပေါ်တွင် ပြည်ပနိုင်ငံများရှိ e-commerce ပလက်ဖောင်းများဖြစ်ကြသော Amazon, Ebay, Alibaba အစရှိသည်တို့တွင် အသုံးပြုနေသည့် ငွေထိန်းကြားခံဘုံအကောင့် (Escrow) စနစ်ပါရှိသောကြောင့် ရောင်းသူနှင့် ဝယ်သူတို့ နှစ်ဉီးနှစ်ဖက်လုံး ယုံကြည်စိတ်ချစွာ ရောင်းဝယ်နိုင်ပါသည်။ ရောင်းသူများအတွက် အသေးစိတ်အကျိုးကျေးဇူးများကို How to sell your items online လင့်ကို နှိပ်၍ဖတ်ရှုပေးပါ။ ဝယ်သူများအတွက် အသေးစိတ်အကျိုးကျေးဇူးများကို How to purchase items online လင့်ကို နှိပ်၍ဖတ်ရှုပေးပါ။

၄င်းအကျိုးကျေးဇူးများအပြင် ပစ္စည်း(သို့) ကြော်ငြာအမျိုးအစားများ (ad-categories) အလိုက် သီးသန့်စုစည်းပေးထားသောကြောင့် ရောင်းသူ (သို့) ကြော်ငြာတင်သူများသည် Facebook ပေါ်တွင်ကဲ့သို့ boost လုပ်ရန်မလိုပဲ မိမိ၏ရောင်းကုန် (သို့) ကြော်ငြာနှင့်သက်ဆိုင်သောဝယ်သူများ (သို့) ဖတ်ရှုသူများကို အဓိကပစ်မှတ်ထား ကြော်ငြာခြင်း (Target Advertising) ဖြစ်ပါသည်။

ဝယ်သူများအနေဖြင့်လည်း ကြော်ငြာအမျိုးအစားများ (ad-categories) အတိုင်း မိမိလိုအပ်သော ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုအသေးစိတ်အချက်အလက်များကို refine search ဖြင့် ၁၀-၂၀ စက္ကန့်အတွင်း ရှာဖွေနိုင်သောကြောင့် အချိန်ကုန်၊ငွေကုန်သက်သာပါသည်။ မိမိရှာဖွေနေသော ကြော်ငြာအမျိုးအစား (ad-category) တစ်ခုကို နှိပ်ပါက refine search ဖြင့် အသေးစိတ်ရှာဖွေနိုင်သော စာမျက်နှာကို ရောက်ရှိပါလိမ့်မည်။

Q3: အကောင့်တစ်ခုသည် ရောင်းသူသီးသန့် (သို့) ဝယ်သူသီးသန့် အကောင့် ဖြစ်ပါသလား။
A3: အကောင့်တစ်ခုဖြင့် ရောင်းခြင်းနှင့် ဝယ်ခြင်း နှစ်မျိုးလုံးကို ပြုလုပ်နိုင်ပါသည်။

Q4: အသုံးပြုသူ တစ်ယောက်က အကောင့်တစ်ခုထက်ပို၍ ဖွင့်နိုင်ပါလား။
A4: အသုံးပြုသူ တစ်ယောက်လျှင် အကောင့်တစ်ခုသာ ခွင့်ပြုပါသည်။ ထိုသို့ ပြုရခြင်းမှာ အသုံးပြုသူများ တာဝန်ယူတတ်မှုရှိစေရန်နှင် အသုံးပြုသူများအားလုံးကို မသမာသူ လိမ်လည်သူ အသုံးပြုသူများ၏ရန်မှ အကာအကွယ်ပေးရန်အတွက် ဖြစ်ပါသည်။

Q5: wallet ဆိုတာ ဘာလဲ။
A5: wallet ဆိုတာ ဤပလက်ဖောင်းပေါ်ရှိ အထူးကြော်ငြာများဝယ်ယူရန်နှင့် ကုန်ပစ္စည်း၊ ဝန်ဆောင်မှုများကို မိမိစိတ်ကြိုက်အချိန်တွင် [(၂၄) နာရီ၊ (၇) ရက်လုံး ပိတ်ရက်မရှိ] ဒေါင်းဝန်ထမ်း၏အကူအညီကို မလိုဘဲ ဝယ်ယူနိုင်ရန်အတွက် ဤပလက်ဖောင်းကို အသုံးပြုသူများအဆင်ပြေစေရန် ရည်ရွယ်၍ ဖန်တီးထားသောငွေဖြည့်အိတ် ဖြစ်ပါသည်။ wallet သည် ငွေကို သိမ်းဆည်းထားသိုရန်အတွက် မဟုတ်ဘဲ ဤပလက်ဖောင်းပေါ်ရှိ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများကို ဝယ်ယူရန်အတွက်သာ ဖြစ်ပါသည်။ ငွေဖြည့်ပြီး ပစ္စည်း(သို့)ဝန်ဆောင်မှုကို မဝယ်ဖြစ်ပါက အချိန်မရွေးငွေထုတ်ယူ (withdraw လုပ်ယူ) နိုင်ပါသည်။ wallet ထဲရှိ ငွေတွင် သက်တမ်းရှိပြီး၊ wallet ကို ငွေဖြည့်ပြီးတိုင်း (သို့) ပြန်အမ်းငွေလက်ခံရရှိတိုင်း ငွေသက်တမ်း (၁)နှစ်တိုးပါသည်။

Q6: wallet ထဲမှ လက်ကျန်ငွေကို အချိန်မရွေးထုတ်လို့ရပါသလား။
A6: အချိန်မရွေးထုတ်ယူနိုင်ပါတယ်။

Q7: ဘယ်လို ငွေထုတ်ယူ နိုင်ပါသလဲ။ ထုတ်ခနှုန်း (withdrawal processing fee) က ဘယ်လောက်ပါလဲ။
A7: တစ်ကြိမ်ထုတ်လျှင် ထုတ်ခနှုန်း (၁၅၀၀) ကျပ်အပြင် မိမိရွေးချယ်ထားသော agent/bank မှ ကောက်ခံသော ငွေလွှဲခကိုလည်း ကျခံရပါမည်။ ဉပမာ- မိမိက မိမိ၏ wallet မှ (၅၀၀၀၀)ကျပ်ထုတ်ယူရန် တောင်းဆိုပါက မိမိသည် [(၅၀၀၀၀) –(၁၅၀၀) – (agent/bank ငွေလွှဲခနှုန်း)] ကျပ်ကို ငွေလွှဲအပြီး လက်ခံရရှိပါမည်။ ငွေထုတ်ရန် တောင်းဆိုပြီး (၂၄) နာရီအတွင်း ငွေလွှဲပေးပါမည်။

ပထမဆုံးအကြိမ် ငွေထုတ်မည်ဆိုပါက အသုံးပြုသူက မှတ်ပုံတင် ရှေ့နောက် ရောင်စုံ ဓာတ်ပုံ ကို daungteam သို့ message box မှတစ်ဆင့် တစ်ကြိမ်သာပို့ရမည်ဖြစ်ပြီး၊ ထို မှတ်ပုံတင် ID ကို အသုံးပြုသူ၏ အကောင့်တစ်ခုနှင့်သာ ချိတ်ဆက်သွားမည်ဖြစ်ပါသည်။ [သတိပြုရန်မှာ- မှတ်ပုံတင် ID တစ်ခု လျှင် အကောင့်တစ်ခုဖြင့်သာ ချိတ်ဆက်နိုင်ပါသည်။] စည်းမျဉ်းဖောက်ပြန်မှုကြောင့် အကောင့်ပိတ်ခံရပါက ထိုမှတ်ပုံတင်နှင့် IP Address ကို နာမည်ပျက်စာရင်းထဲသွင်းမည်ဖြစ်ပြီး ထိုမှတ်ပုံတင် ID ကို အခြားမည်သည့် အကောင့်နှင့်မျှ ချိတ်ဆက်၍ မရတော့ပါ။

မိမိ၏ ဘဏ်အကောင့် နာမည်သည် မိမိပေးပို့ထားသော မှတ်ပုံတင် ID ရှိ နာမည်နှင့် တူရပါမည်။

ဒေါင်းမှ ဤပလက်ဖောင်းကို အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရန် တာဝန်ယူပါသည်။ အသုံးပြုသူများ၏ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံမှုကို အထူးအလေးထားပါသည်။

Q8: wallet ထဲတွင် အနည်းဆုံးလက်ကျန်ငွေ (minimum balance) ထားရှိရန်လိုပါသလား။
A8: အနည်းဆုံးလက်ကျန်ငွေ ထားရှိရန် မလိုပါ။

Q9: ရောင်းသူ/ဝန်ဆောင်မှု ပေးသူ၏ ပစ္စည်း(သို့) ဝန်ဆောင်မှုအတွက် အသုံးပြုသူအားလုံးမြင်နိုင်သည့် feedback/review များကို ပေးချင်ပါသည်။ (သို့) တင်ထားသောကြော်ငြာနှင့် ပတ်သက်၍ မှတ်ချက်ပေးချင်၊ မေးခွန်းများမေးချင်ပါသည်။ ဘယ်လိုလုပ်ရပါမလဲ။
A9: မိမိ မှတ်ချက်ပေးလိုသော ကြော်ငြာတင်ထားသူ (သို့) ရောင်းသူ/ဝန်ဆောင်မှုပေးသူ၏ username ကို “What are you looking for?” search box တွင် ရိုက်ထည့်ပါ။ ထို username လက်ရှိတင်ထားသော ကြော်ငြာများ ထွက်လာလိမ့်မည်။ မိမိ comment ပေးလိုသော ကြော်ငြာကိုနှိပ်ပြီး အောက်ဖက်နားရှိ Comments နေရာတွင် မိမိ၏ မှတ်ချက်ကို ရေးပြီး “Post Comment” ကို နှိပ်ပါ။

Q10: ITEMS (FOR SALE) အောက်ရှိ virtual products/service contracts ရောင်းချရန် ကြော်ငြာအမျိုးအစားက ဘယ်လိုမျိုးလဲ။
A10: virtual product/service contract ဆိုသည်မှာ ရောင်းသူ၏ပစ္စည်းကို ဝယ်သူ၏နေရပ်လိပ်စာသို့ ပို့ရန်မလိုသည့်၊ အွန်လိုင်းမှ (သို့) အင်တာနက်ဖြင့် ပေးပို့နိုင်သည့် ပစ္စည်းနှင့် ဝန်ဆောင်မှုများ (ဉပမာ။ ပညာရေးဆိုင်ရာသင်ခန်းစာများ၊ phone/data package များ၊ digital လက်မှတ်များ၊ digital ဂီတနှင့်ရုပ်ရှင်များ၊ မိုဘိုင်းလ်နှင့် အွန်လိုင်းဂိမ်းများ၊ တိကျသောဝန်ဆောင်မှုများ) ကို ရောင်းချရန် (သို့) ရောင်းသူပေးသော တိကျသောဝန်ဆောင်မှုများကို ဝယ်သူများက ယုံကြည်စိတ်ချစွာဖြင့် ဝယ်ယူနိုင်ရန်အတွက် ဖြစ်သည်။ ဝယ်သူက ဤအွန်လိုင်းမှ ဝယ်ယူပြီး၊ ရောင်းသူက ဖော်ပြထားသော ၎င်းကုန်(သို့) ဝန်ဆောင်မှုကို မပေးပါက “daungteam” (admin) သို့ ဒေါင်း၏ message box မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

Service Contract အတွက် မိမိ၏ တိကျသော ဝန်ဆောင်မှုများ (ဉပမာ။ Logo (၂) ခုရေးဆွဲခြင်းနှင့် (၃) ကြိမ်တိုင်တိုင် ပြင်ဆင်ပေးခြင်း) ကို ဝယ်ယူစေခြင်းဖြစ်သည်။ သို့မဟုတ် မိမိ၏ ဝန်ဆောင်မှုကို ဝယ်ယူမည့် client နှင့် ကြိုတင်ညှိနှိုင်းထားသော ဝန်ဆောင်မှုဆိုင်ရာ လူအများသိခံသော အထွေထွေသဘောတူညီချက်များ (ဉပမာ။ စာလုံးရေ (၁၃၅၀၀) ပါဝင်သော marketing နှင့်ဆိုင်သည့် အကြောင်းအရာအား အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ စက်တင်ဘာ (၂၀)၊ ၂၀၂၀ နောက်ဆုံးထား ပြန်ဆိုရန်) များကို ကြော်ငြာတင်၍ မိမိ၏username နှင့် ကြော်ငြာလင့်ခ်ကို client ထံသို့ပေးပို့၍ ထိုဝန်ဆောင်မှုအား ဝယ်ယူစေပြီး၊ အခြားလူမသိခံသော ဝန်ဆောင်မှုဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဒေါင်း၏message box မှဖြစ်စေ၊ Facebook ကဲ့သို့ messager မှဖြစ်စေ၊ မိမိ၏ e-mail မှဖြစ်စေ client ထံပို့ပေးခြင်းဖြင့် မိမိ၏ဝန်ဆောင်မှုကို ပေးနိုင်ပါသည်။ ထိုကဲ့သို့သော client နှင့်ကြိုတင်ညှိနှိုင်းထားသော ဝန်ဆောင်မှုအတွက် ကြော်ငြာတင်သောအခါ “Do you have a limited quantity” တွင် “Yes” ကိုအမှတ်ခြစ်၍ “Stock Quantity” တွင် “1” ဟုရိုက်ထည့်ပါ။

Q11: မိမိ၏ ပစ္စည်းကိုရောင်းရာတွင် ဝယ်သူများအား အွန်လိုင်းမှ တိုက်ရိုက်ဝယ်ယူခွင့်မပေးလိုပါက ဘယ်လိုလုပ်ရပါမလဲ။
A11: မိမိ၏ ပစ္စည်းကို ဝယ်သူများအား အွန်လိုင်းမှ တိုက်ရိုက်ဝယ်ခွင့်မပေးလိုပါက ထိုကြော်ငြာအမျိုးအစားများအတွက် ကြော်ငြာတင်သောအခါ Online Purchase/Delivery Available ကွက်လပ်ကို အမှန် မခြစ်ဘဲထားပါ။ ထိုသို့ပြုပါက ဝယ်သူများက အွန်လိုင်းမှတိုက်ရိုက်ဝယ်ယူ၍ မရပါ။

Q12: မိမိ၏ ပစ္စည်းကိုရောင်းရာတွင် ဝယ်သူများအား အွန်လိုင်းမှ တိုက်ရိုက်ဝယ်ယူခွင့်ပေးလိုပါက ဘယ်လိုလုပ်ရပါမလဲ။
A12: လက်ရှိတွင် ITEMS (FOR SALE) အမျိုးအစားကြီးအောက်ရှိ ကားအရောင်းကြော်ငြာအမျိုးအစား Cars including Taxi (Sale) မှလွဲ၍ အခြားရောင်းကုန်ကြော်ငြာအမျိုးအစားငယ်များအတွက် အွန်လိုင်းမှ တိုက်ရိုက်ရောင်းချနိုင်ပါသည်။

မိမိ၏ ပစ္စည်းကို ဝယ်သူများအား အွန်လိုင်းမှ တိုက်ရိုက်ဝယ်ယူခွင့်ပေးလိုပါက ထိုကြော်ငြာအမျိုးအစားများအတွက် ကြော်ငြာတင်သောအခါ Online Purchase/Delivery Available ကွက်လပ်ကို အမှန်ခြစ်ထားပါ။ ထိုသို့ပြုပါက ဝယ်သူများက အွန်လိုင်းမှတိုက်ရိုက်ဝယ်ယူနိုင်ပါသည်။

သတိပြုရန်-ထိုသို့ အွန်လိုင်းမှ ရောင်းချရန် ဆောင်ရွက်ထားပါက မိမိက ဝယ်သူဆီမှ အော်ဒါကို email မှ တစ်ဆင့် ရရှိပါက ကြော်ငြာတွင် ဖော်ပြထားသည့်အတိုင်း ပစ္စည်းကို ဝယ်သူဆီသို့ လျင်မြန်စွာပို့ဆောင်ပေးရန် ကတိပြုထားခြင်းဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်ရန် ပျက်ကွက်ပါက မိမိသည် ဝယ်သူဆီမှ ဤပလက်ဖောင်းကို အသုံးပြုသူအားလုံးမြင်နိုင်သော negative feedback/review များ ရရှိနိုင်ပြီး၊ မိမိ၏အကောင့်နှင့် ရေရှည်စီးပွားရေးကို ထိခိုက်လာနိုင်ပါသည်။ အကြိမ်ကြိမ်ပျက်ကွက်မှုများရှိလာပါက မိမိ၏ အကောင့်ပိတ်ခံရသည်အထိ အရေးယူခြင်းခံရနိုင်ပါသည်။

Q13: မိမိ၏ ပစ္စည်းကို အွန်လိုင်းမှ တိုက်ရိုက်ရောင်းချပါက ပစ္စည်း၏ရောင်းစျေးအပေါ်မူတည်၍ ဝန်ဆောင်ခ နှုန်းထားက ဘယ်လောက်ပါလဲ။
A13: ပစ္စည်းအရောင်းထွက်မှသာလျှင် ထိုရောင်းရငွေ (ပစ္စည်းတန်ဖိုး+ပို့ခ) ၏ ၃% ကိုသာ ကော်မရှင်ခအဖြစ် ကောက်ခံပါသည်။ ပစ္စည်းမရောင်းရလျှင် ကော်မရှင်ခ “လုံးဝ” မပေးရပါ။

Q14: ဘယ် delivery agents/companies ဖြင့် ဝယ်သူထံသို့ ပစ္စည်းပို့နိုင်ပါသလဲ။
A14: မည်သည့် delivery agents/companies ဖြင့်မဆို မိမိ၏ပစ္စည်းကို ဝယ်သူထံသို့ ပေးပို့နိုင်ပါသည်။ မိမိကိုယ်တိုင်လည်း ဝယ်သူထံသို့ သွားရောက်ပေးပို့နိုင်ပါသည်။ ဝယ်သူလက်ထဲသို့ ပစ္စည်းပေးအပ်သည့်အချိန်တွင် ဝယ်သူက ပစ္စည်းအား ဖော်ပြသည့်အတိုင်း လက်ခံရရှိကြောင်းနှင့် ရောင်းသူမိမိထံသို့ ငွေလွှဲပေးရန် ဝယ်သူကို “Pay”ခလုတ်အား နှိပ်ခိုင်းပါ။

Delivery agents/companies များဖြင့် ပစ္စည်းပို့ပါက ပစ္စည်းပို့ပြေစာကို အထောက်အထားအဖြစ် သိမ်းဆည်းထားပါ။ ဝယ်သူမှ ပစ္စည်းမပို့ဟု အငြင်းပွားစရာ ဖြစ်ပါက အထောက်အထားအဖြစ် တင်ပြရန်ဖြစ်ပါသည်။ <သတိပြုရန်မှာHow to sell your items online စာမျက်နှာ၊ နံပါတ် (၁၃) တွင်ဖော်ပြထားသော delivery agents/companies များမှလွဲ၍ အခြား delivery agents/companies ဖြင့် ပစ္စည်းပို့ပါကဝယ်သူနှင့် အငြင်းပွားစရာဖြစ်လာပါက ၄င်း delivery agents/companies များမှ ပစ္စည်းပို့ပြေစာများကို အထောက်အထားအဖြစ် daung မှ လက်ခံပေးရန် အာမ,မခံပါ။>

Q15: ပစ္စည်း (၁) ခုကို (၃၀၀၀) ကျပ်၊ (၂) ခုကို (၅၀၀၀) ကျပ် နဲ့ အွန်လိုင်းက တိုက်ရိုက်ရောင်းချင်ပါတယ်။ ဘယ်လိုတင်ရောင်းရပါမလဲ။
A15: ပစ္စည်း (၁)ခုကို (၃၀၀၀)ကျပ်နှုန်းဖြင့် ကြော်ငြာ (၁)ခု၊ ပစ္စည်း (၂)ခုအတွက် (၅၀၀၀)ကျပ်နှုန်းဖြင့် ကြော်ငြာ (၁)ခု (စုစုပေါင်း ကြော်ငြာ (၂)ခု) တင်ပါ။
ကြော်ငြာ title နှင့် description မှာ (၁)ခုအတွက် (သို့) (၂)ခု ဟူ၍ ဝယ်သူအတွက် တိကျရှင်းလင်းစွာ ဖော်ပြပါ။

Q16: ပစ္စည်း (၁) ထုပ်မှာ (၁၀)ခုပါပါတယ်။ (၁)ထုပ်ချင်းဆီလည်းရောင်းချင်တယ်၊ (၁)ခုချင်းစီလည်းရောင်းချင်ပါတယ်။ (၁)ထုပ်လုံးဆို (၃၅၀၀၀)ကျပ် ပါ။ ဒါပေမယ့် (၁)ခုချင်းစီဆို (၄၀၀၀) ကျပ် နဲ့ ရောင်းချင်ပါတယ်။ ဝယ်သူက အွန်လိုင်းကတိုက်ရိုက်ဝယ်နိုင်ရန် ဘယ်လို တင်ရောင်းရပါမလဲ။
A16: (၁)ထုပ်ချင်းအတွက် သတ်မှတ်ထားတဲ့စျေးနှုန်း (၃၅၀၀၀)ကျပ်နှင့် ကြော်ငြာတစ်ခု၊ (၁) ခုချင်းအတွက် (၄၀၀၀)ကျပ်နှင့် ကြော်ငြာတစ်ခု သီးသန့်စီ (စုစုပေါင်း ကြော်ငြာ ၂ခု) တင်ပါ။ ကြော်ငြာ title နှင့် description မှာ (၁)ထုပ် (သို့) (၁)ခု ဟူ၍ ဝယ်သူအတွက် တိကျရှင်းလင်းစွာ ဖော်ပြပါ။

Q17: သတ်မှတ်ထားတဲ့ရက်တစ်ရက်တွင် ပို့ပေးနိုင်သည့်ဟင်းပွဲတွေကို အွန်လိုင်းမှတိုက်ရိုက် ဘယ်လိုရောင်းရပါမလဲ။
A17: ဥပမာ။ သြဂုတ် (၁၂)ရက် အတွက် ဂဏန်းမဆလာပွဲသေး (၁)ပွဲလျှင် (၅၀၀၀)ကျပ်၊ ပွဲကြီး (၁)ပွဲလျှင် (၁၀၀၀၀)ကျပ် ဆိုပါစို့။
ကြော်ငြာတစ်ခု (title နှင့် description) တွင် “ဂဏန်းမဆလာပွဲသေး Aug 12 ပို့ရန်”၊
နောက်ထပ်ကြော်ငြာတစ်ခု (title နှင့် description)တွင် “ဂဏန်းမဆလာပွဲကြီး Aug 12 ပို့ရန်”ဟု ကြော်ငြာများကို သီးသန့်တင်ပါ။

Q18: ဒေါင်း၏ပလက်ဖောင်းပေါ်တွင် ပစ္စည်းတစ်ခုရဲ့ စျေးနှုန်းကို အနည်းဆုံး (၁၀၀၀) ကျပ် သတ်မှတ်ရပါတယ်၊ ပစ္စည်းတစ်ခုရဲ့တန်ဖိုးဟာ (၅၀၀) ကျပ် ဖြစ်နေပါတယ်၊ ဘယ်လိုရောင်းနိုင်ပါမလဲ။
A18: ပစ္စည်းတစ်ခု သည် (၅၀၀) ကျပ်သာ ဖြစ်နေပါက ပစ္စည်း(၂) ခုဟု ကြော်ငြာတွင်ဖော်ပြ၍ (၁၀၀၀) ကျပ်မှ စတင်ရောင်းချနိုင်ပါတယ်။

Q19: mailbox အရွယ်အစားကန့်သတ်မှုဆိုတာ ဘာလဲ။
A19: ပုံမှန်အကောင့်အတွက် လက်ရှိတွင် size (၁၅) အဖြစ်သတ်မှတ်ထားပါတယ်။ mailbox size (၁၅) ရှိပါက user (၁၅) ယောက်အထိ စာပို့လို့ရပါတယ်။ (၁၅) ပြည့်သွားပါက စာလက်ခံလို့ရပါတယ်။ သို့သော် စာထပ်ပို့၍ မရတော့ပါ။ user အသစ်ဆီသို့ စာပို့လိုပါက လက်ရှိ mailbox ရှိစာများကို delete လုပ်ရပါမည်။
ဤ daung ပလက်ဖောင်းကို ငွေကြေးမြောက်များစွာ အကုန်အကျခံကာ တည်ဆောက်ထားခြင်း ဖြစ်ပြီး mailbox size ကြီးလျှင်ကြီးသလို server အတွက် ကုန်ကျစရိတ်လည်း များလာမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ premium mailbox များကို ဝယ်ယူအားပေးခြင်းအားဖြင့် ကျွန်ုပ်တို့အား ကူညီနိုင်ပါသည်။

Q20: mailbox အရွယ်အစား ကို ဘယ်လို တိုးမြှင့်နိုင်ပါမလဲ။
A20: သင်၏ mailbox အရွယ်အစားကို အောက်ပါ premium mailbox နှုန်းများအတိုင်း ဝယ်ယူ၍ တိုးမြှင့်နိုင်ပါသည်။ သင်၏ wallet ကို ငွေဖြည့်၍ သင်နှစ်သက်ရာ premium mailbox ကို ဝယ်ရန် “daungteam” (admin) သို့ ဒေါင်း ၏ message box မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။
Gold premium mailbox [35000 Ks]: mailbox size (60), duration (3 months)
Gold premium mailbox [60000 Ks]: mailbox size (60), duration (6 months)
Gold premium mailbox [85000 Ks]: mailbox size (60), duration (9 months)
Gold premium mailbox [95000 Ks]: mailbox size (60), duration (1 year)
Platinum premium mailbox [55000 Ks]: mailbox size (150), duration (3 months)
Platinum premium mailbox [95000 Ks]: mailbox size (150), duration (6 months)
Platinum premium mailbox [125000 Ks]: mailbox size (150), duration (9 months)
Platinum premium mailbox [145000 Ks]: mailbox size (150), duration (1 year)

Q21: ဒေါင်း အဖွဲ့နှင့် ဘယ်လို ဆက်သွယ်ရပါမလဲ။
A21: ယေဘုယျကျသော မေးခွန်းများအတွက် Facebook Messanger မှ တစ်ဆင့် ဆက်သွယ်ပါ။

မိမိအကောင့်နှင့်သာ သက်ဆိုင်သော ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များအတွက် daung ၏ message box မှတစ်ဆင့် ဆက်သွယ်ပါ။ Facebook တွင် အကောင့်တုများစွာရှိသောကြောင့် မိမိအကောင့်နှင့်ဆိုင်သော ကိုယ်ရေးကိုယ်တာကိစ္စရပ်များအတွက် daung ၏ message box မှတစ်ဆင့် ဆက်သွယ်ရပါမည်။

လတ်တလောတွင် ဖုန်းဖြင့်ဝန်ဆောင်မှုများ မရှိသေးပါ။

Warning– Daung NEVER asks the users for their Daung account password, their bank account password and the OTP issued by their banks. If you have been asked about such personal and confidential information, it is not us. Kindly alert us by sending message to “daungteam” (admin) via our message box.

Q1: How to open an account?
A1: It is much easier to use Daung than Facebook. To open an account:
Download a “Daung” android app. You can also use chrome, safari or any other browsers and type the website address (www.daung.org). Go to the top right corner menu and click “Signup”. Signup/registration can be done in one of the following two ways:

(1) Opening an account using your email: After filling in the necessary information, click “Register”. Then check your email including Spam/Junk Mail Folder as necessary. Click the email “Activate your Account” sent from Daung and then click the link in the email to verify your email.

(2) Opening an account using your Facebook account login info: Click “Continue with Facebook”, type in a username of your choice in English and register with your Facebook login/password. If your email is not registered with Facebook, you may enter your email under Profile > General of your account. [NOTE: Notification emails regarding orders, making payments and refunds will be automatically sent to your email.]
After signing up successfully, you can login to your account via Login on the top right corner menu using your username and password that you just chose.

Q2: What are the benefits this platform offers?
A2: As this platform offers an escrow payment system that is employed by e-commerce marketplaces such as Amazon, Ebay and Alibaba, sellers and buyers can trade with utmost trust. Click How to sell your items online to read the detailed benefits of selling on this platform. Click How to purchase items online to read the detailed benefits of buying on this platform.

In addition to those benefits, sellers or ad-posters get the benefit of being able to advertise their items/products or their ads to their target customers or readers as items/products and ads are classified.

On the other hand, buyers get the benefit of being able to search and find, within as little as 10-20s, their desired products or services with a set of criteria using the detailed search filter “refine search” designed uniquely for each ad-category. Clicking an ad-category will direct one to that specific ad-category page with a “refine search” filter.

Q3: Is an account designated separately as a seller or a buyer account?
A3: No. An account can be used for both buying and selling.

Q4: Can a user open more than one account?
A4: A user is allowed to open only one account. “One user for one account” policy is enforced to ensure the accountability of the users and protect the users from scammers.

Q5: What is wallet?
A5: Wallet balance can be used for the self-purchase of special ads, items and services over this platform 24/7 without the need for any personal assistance by Daung Team. Wallet does not serve as a place where money is hoarded. Rather, it is to be used for purchasing goods and services available on this platform. The funds in the wallet can be withdrawn anytime if you decided not to make a purchase. The funds in the wallet have an expiration date which increases by one year every time funds are transferred into the wallet in the form of deposit or refund received.

Q6: Can the funds in my wallet balance be withdrawn anytime?
A6: Yes, the funds can be withdrawn anytime.

Q7: How can I withdraw the fund? What is the withdrawal processing fee?
A7: In addition to the processing fee for each withdrawal which is Ks1500. the transfer fee may be charged by the financial institution/agent/bank you choose to transfer your funds to. For instance, if you request to withdraw Ks50000, you will receive Ks[50000-1500-(agent/bank money transfer fee)] upon completion of the transfer process. Your request for withdrawal will be processed within 24 hours from the time of request.

When you make a request to withdraw fund for the first time, you will be required to send us your photo copy of your unexpired national ID or passport one time to “daungteam” (admin) via daung’s message box. Your ID or passport will be linked with your account. [Note that your ID or passport can be linked with one account only.] If your account is banned due to a violation of our rules, your ID and IP Address will be blacklisted and they can no longer be linked with another account.

Your name on your ID or passport must match with your name on your bank account.

We, Daung Team, exercise discretion in protecting and handling the personal information of our users as our users deserve our utmost respect when it comes to the privacy of their personal information.

Q8: Is there a minimum balance requirement?
A8: No, there is no minimum balance requirement.

Q9: Where and how can I post product review, make public comments or ask public questions on an ad?
A9: You can look for the ads associated with a user by typing the “username” of that user in the search box displaying “What are you look for?”. All the ads associated with that username will be filtered out along with those of other users with similar usernames. Click an ad which you like to write reviews, comments or ask questions on.

Q10: What is the “virtual product/service contract” ad-category under the parent ad-category “ITEMS (FOR SALE)” for?
A10: Virtual product/service contract is for posting a digital product (not a physical product) such as online lessons or educational materials, phone/data package, digital music/movies, digital tickets, mobile internet games, (or) a seller’s specific service) that can be purchased by buyers with trust and sent to buyers digitally or over the internet. When a buyer purchases a digital product or a service contract via this online platform and the seller does not provide the digital product or the service agreed upon, the buyer can file a complaint to “daungteam” (admin) via daung’s message box.

Service Contract selection allows an ad-poster to sell his or her service(s) (e.g. creating 2 logos with 3 editions). Alternatively, an ad-poster can post a general and brief description of an agreement/contract’s non-confidential terms and conditions on the sale of his or her service already agreed upon with a client (e.g. a total words count of 13500 on the topic of marketing to be translated from English into Burmese and the finished work is to be delivered with the deadline of September 20, 2020). Other details and confidential information is to be sent and communicated between the service provider and the client via Daung’s message box, Facebook’s messenger or emails. In submitting such service with specific contractual agreements, the ad-poster (service provider) is to tick “Yes” for “Do you have a limited quantity” and enter “1” for “Stock Quantity”.

Q11: How can I post an ad for a product/item so that it cannot be purchased online directly via this platform??
A11: At present, an ad for a product/item under all the ad-categories of the parent-category ITEM (FOR SALE), except for Cars incl. Taxi (Sale), can be posted for online purchase of the product/item.

If you do NOT want the users to purchase your item online, leave the checkbox of the “Online Purchase/Delivery Available” ad-field unticked and the “Add to Cart” button will not appear for online purchase.

Q12: How can I post an ad for a product/item that enables online purchase via this platform?
A12: At present, an ad for a product/item under all the ad-categories of the parent-category ITEM (FOR SALE), except for Cars incl. Taxi (Sale), can be posted for online purchase of the product/item.

If you do want the users to purchase your item online, tick the checkbox of the “Online Purchase/Delivery Available” ad-field unticked and the “Add to Cart” button will appear for online purchase.

NOTE: When you choose to sell your item online and receive an order for it via email, you are obligated to deliver it to the buyer as soon as possible. Failure to do so could result in you receiving public negative reviews from the buyer and affect your image in a negative way. Repetitive failure could lead to your account being banned.

Q13: What is the commission rate for the online sale of an item?
A13: Our platform charges 3% only as a commission fee on the sales (your product(s)+ delivery fee) only when your product is sold. There is no commission fee if your product is not sold.

Q14: What delivery agents/companies can I use for the delivery/shipping service?
A14: Sellers can use any delivery agents/companies to deliver an item or deliver it by themselves. At the time of delivery, request the buyer to click “Pay” after inspection of the item by the buyer. The payment will be immediately deposited into your wallet once the buyer confirms payment by clicking “Pay”

If a seller delivers his or her item via a delivery agent/company, keep the receipts as proof of delivery. Should a buyer claim that the item was not delivered, the seller can present them as evidences. <NOTE: If a seller chooses a delivery agent/company other than the recommended delivery agents/companies shown on the No.(13) of the How to sell your items online page, Daung’s acceptance of receipts from such agent/company as proof of delivery is not guaranteed.>

Q15: I want to sell an item for Ks3000 and two items for Ks5000. How can I post an ad to sell?
A15: Post a total of two ads. Post an ad with an item for Ks3000 and another ad describing two items for Ks5000. Clearly describe, in the ad title and description, how many items are included in the price displayed.

Q16: A product package includes 10 quantities. I want to sell by each package and by each quantity. I want to sell the entire package for Ks35000 and each quantity for Ks4000. How can I post an ad that will enable purchasing online?
A16: Post a total of two ads: one for a package with the price of Ks35000 and another for each quantity with the price of Ks4000. Clearly describe, in the ad title and description, whether you are selling a package or a quantity for the price displayed.

Q17: How can I sell meals or curries that will be delivered on a specific day?
A17: Suppose you have Crab Masala (Small Portion), Crab Masala (Big Portion) that will be delivered on the 12th of August.
In one ad, describe “Crab Masala (Small Portion) delivered on Aug 12th” in the ad title and description.
In another ad, describe “Crab Masala (Big Portion) delivered on Aug 12th” in the ad title and description.

Q18: The minimum price of an item that can be sold at Daung platform is Ks1000.
A18: If the price of an item is Ks500, post an ad with two items for the price of Ks1000.

Q19: What is mailbox size limit?
A19: A typical mailbox size is 15. If you have the mailbox size of 15, you can send message to as many as 15 users. Even if your mailbox is full, you can still accept message. However, you can no longer send a message. If your mailbox is full, you can delete a message so that you can send a new message.
However, you can support us by purchasing a premium mailbox with a much larger mailbox size.

Q20: How can I increase my mailbox size?
A20: You can increase your mailbox size by purchasing a premium mailbox shown below. You can top-up your wallet and make a request to “daungteam” (admin) via daung’s message box to purchase a premium mailbox of your choice.
Gold premium mailbox [35000 Ks]: mailbox size (60), duration (3 months)
Gold premium mailbox [60000 Ks]: mailbox size (60), duration (6 months)
Gold premium mailbox [85000 Ks]: mailbox size (60), duration (9 months)
Gold premium mailbox [95000 Ks]: mailbox size (60), duration (1 year)
Platinum premium mailbox [55000 Ks]: mailbox size (150), duration (3 months)
Platinum premium mailbox [95000 Ks]: mailbox size (150), duration (6 months)
Platinum premium mailbox [125000 Ks]: mailbox size (150), duration (9 months)
Platinum premium mailbox [145000 Ks]: mailbox size (150), duration (1 year)

Q21: How can I contact Daung Team?
A21: General questions can be asked via Facebook Messanger.

Contact us via Daung’s message box [To: daungteam (admin)] regarding your account and confidential matters. As there are many fake accounts on Facebook, we do not help with your account and things that are personal and confidential in nature via Facebook in consideration of your account security.

At present, there is no customer service by phone.