Daung ကြားခံဘုံအကောင့် (Escrow) အကြောင်း




[ဝယ်သူ] က

(၁) မိမိ၏ wallet ထဲသို့ ငွေသွင်း (topup လုပ်)

(၂) ဒေါင်းပလက်ဖောင်းပေါ်တွင် ပစ္စည်းရှာပြီး အော်ဒါတင်သောအခါ ငွေကြားခံဘုံသို့ရောက်

(၃) ပစ္စည်းရောက်လျှင် ရောင်းသူဆီ ကြားခံဘုံမှ ငွေလွှဲပေး [My Orders >> View >> Pay]

မှတ်ချက်။ ။‌‌ဝယ်သူမိမိက အော်ဒါတင်သောအခါ ပစ္စည်းခ+ပို့ခကို ဝယ်သူ၏ wallet မှနှုတ်ယူပြီး၊ ငွေသည် ကြားခဘုံအကောင့် (escrow) တွင် ရောက်ရှိသောကြောင့် ရောင်းသူက ပစ္စည်းကိုမပို့သောအခါ (သို့) ပစ္စည်းသည် ကြော်ငြာတွင်ဖော်ပြထားသည့်အတိုင်းမဟုတ်သောအခါ ငွေကိုပြန်ရပါမယ်။

[ရောင်းသူ]က

[၁] အော်ဒါကို ကြည့်ရန် Sales Report ကိုသွား [ရောင်းသူ၏ Email သို့ အော်ဒါအမှာစာကို အလိုအလျောက် ချက်ချင်းပို့ပေးသောကြောင့် ရောင်းသူက Email ကို Edit Profile တွင် ထည့်သွင်းထားရှိသင့်သည်]

[၂] အကြောင်းတစ်စုံတစ်ရာကြောင့် Sales Report >> Refund မှတစ်ဆင့် ငွေပြန်အမ်းပါက ငွေသည် ကြားခံဘုံမှတစ်ဆင့် ဝယ်သူဆီ ပြန်ရောက်

မှတ်ချက်။ ။‌‌ဝယ်သူအော်ဒါတင်သောအခါ ပစ္စည်းခ+ပို့ခကို ဝယ်သူ၏ wallet မှနှုတ်ယူပြီး၊ ငွေကို ကြားခဘုံအကောင့် (escrow) တွင် ထားရှိပါတယ်။

ဝယ်သူပစ္စည်းရရှိပြီး ကြားခံဘုံမှ ‌ငွေမလွှဲရသေးပါက……

{၁} ရောင်းသူက ဝယ်သူကို ဖုန်းဖြင့် (သို့) Daung message မှတစ်ဆင့်ဆက်သွယ်ပြီး၊ My Orders >> View >> Pay ခလုပ်ကို နှိပ်ခိုင်းပါ။

{၂} Daung message မှတစ်ဆင့် ဆက်သွယ်ပြီး၊ ၂၄ နာရီကြာပြီးနောက် ‌ဝယ်သူကအကြောင်းမပြန်ပါက ရောင်းသူက Daung ကို ဆက်သွယ်နိုင်ပါတယ်။ (Sales Reports >> Refund တွင် ဝယ်သူ၏ username ကို တွေ့ရှိနိုင်ပါတယ်၊ ၄င်း username ဖြင့် ဝယ်သူအား Daung message ဖြင့် ဆက်သွယ်ပါ။)

{၃} Daung က ဝယ်သူကို Daung message မှတစ်ဆင့် ဆက်သွယ်ပါမယ်။

(က) ထိုသို့ ဆက်သွယ်ပြီး ၂၄ နာရီအတွင်း ဝယ်သူကအကြောင်းမပြန်ပါက Daung က ‌ကြားခံဘုံအကောင့်မှငွေကို ရောင်းသူဆီ ရွှေ့ပြောင်းပါမယ်

(ခ) ဝယ်သူက ထို ၂၄ နာရီအတွင်း အငြင်းပွားစရာကိစ္စ (ဉပမာ။ ။ ပစ္စည်းမရကြောင်း) ကို ဖော်ပြလာပါက Daung က ရောင်းသူထံမှ သက်သေအထောက်အထားများ (Daung မှ သတ်မှတ်ထားသော delivery company ထံမှ receipt အပြည့်အစုံ) ကို တောင်းခံပါမယ်။ Daung က လိုအပ်လျှင် လိုအပ်သလို delivery company နဲ့ ဆက်သွယ်ကာ စိစစ်စုံစမ်းမှုများကို ပြုပါမယ်။ ထိုစိစစ်စုံစမ်းမှုလုပ်ငန်းများအတွက် အချိန် ၂ ရက်မှ ၃ ပတ် အထိ ကြာမြင့်နိုင်ပါသည်။ ထိုစိစစ်မှုရလဒ်များအပေါ်အခြေခံ၍ Daung က ဆုံဖြတ်ချက်ချပါမယ်။

သတိပေးချက်။ ။ဝယ်သူဖြစ်စေ၊ ‌ရောင်းသူဖြစ်စေ ရည်ရွယ်ချက်ရှိရှိဖြင့် လိမ်လည်ကြောင်းသိသာထင်ရှားပါက Daung က လိမ်လည်သူ၏ အကောင့်၊ သက်ဆိုင်ရာ မှတ်ပုံတင်နံပါတ်၊ ဘဏ်အကောင့်နှင့် IP Address တို့ကို ရာသက်ပန်ပိတ်ပင်မည်ဖြစ်ပါတယ်။

May 2, 2021 12:56 am