ရောင်းသူများအတွက် အကျိုးကျေးဇူးများ


သတိပြုရန်။ ။ ဝယ်သူ၏ အမှား (သို့) လိမ်လည်ခြင်း (သို့) အမှန်ဝယ်ယူလိုသောစိတ်မရှိခြင်းတို့ကြောင့် “ပစ္စည်းရငွေချေ”စနစ်ကို ကျင့်သုံးပါက ရောင်းသူများ ပို့ခများဆုံးရှုံးရခြင်း၊ အချိန်ကုန်၊ လူပင်ပန်းဖြစ်ရပါသည်။

ဝယ်သူက Daung မှ တိုက်ရိုက်အော်ဒါတင်သောအခါ ဝယ်သူပေးထားသော ပစ္စည်းအဖိုးအခနှင့်‌ ရောင်းသူသတ်မှတ်ထားသောပို့ခငွေသည် ကြားခံဘုံအကောင့် (escrow) ထဲသို့ ရောက်ရှိသွားသောကြောင့်

(၁) ဝယ်သူ၏ လိမ်လည်မှာယူမှုနှင့် အမှား‌ကြောင့် မိမိပစ္စည်းနှင့် ပို့ခ, မဆုံးရှုံးခြင်း (ဝယ်သူ မှားပါက ပို့ခကို ဝယ်သူကျခံ)

(၂) မြန်မာပြည်အနှံ့ရှိ ဝယ်သူများက စိတ်ချစွာ ဝယ်ယူနိုင်ခြင်းကြောင့် ဝယ်လိုအားများလာခြင်း၊ တစ်ကမ္ဘာလုံးရှိ ဝယ်သူများနှင့်လည်း ချိတ်ဆက်ပေးခြင်း

(၃) အခမဲ့ ကြော်ငြာတင်နိုင်ပြီး၊ ပစ္စည်းအရောင်းထွက်ပါက အရောင်းဝန်ဆောင်ခ “လုံးဝ” မပေးရပါ။ [အခြားသော marketplace ပလက်ဖောင်းများတွင် ဝန်ဆောင်ခအဖြစ် ရောင်းရငွေ၏ ၁၀% မှ ၃၀% အထိယူပါသည်]

(၄) ပစ္စည်းကြော်ငြာအမျိုးအစားအလိုက် စုစည်းပေးထားသောကြောင့် မိမိ ပစ္စည်းအမျိုးအစားကို စိတ်ဝင်စားသောသူများအား ပစ်မှတ်ထားနိုင်ခြင်း

(၅) ဝယ်သူ အော်ဒါတင်သောအခါ အော်ဒါများ Sales Report တွင် ပေါ်လာပြီး၊ ရောင်းသူအား email ဖြင့် ချက်ချင်းအလိုအလျောက် အကြောင်းကြားပေးခြင်း (အော်ဒါကောက်ပေးခြင်း)

(၆) မိမိရောင်းချပြီးသောပစ္စည်းများအား Sales Report တွင် ကြည့်ရှုနိုင်ခြင်း

(၇) မိမိ၏ပစ္စည်းအရေအတွက်နှင့် ကြော်ငြာကို User Profile >> Listings တွင် အချိန်မရွေး ပြင်ဆင်ပြုပြင်နိုင်ခြင်း

(၈) မည်သူမဆို ကြော်ငြာများကို ၃-၄ မိနစ်အတွင်း လွယ်ကူစွာတင်နိုင်ခြင်း

အသေးစိတ်အချက်အလက်ကို ဖတ်ရှုရန် အောက်ဖက်နားရှိ How to sell online နေရာတွင် လင့်ခ်ကိုနှိပ်ပါ။

May 2, 2021 1:42 am